သားလေးကိုပိုက်ကာ အနောက်ပေါက်ကနေခိုးထွက်သွားတဲ့လေပြေကိုကြည့်ရင်းသုတပြုံးမိသည်
'......ကျေးဇူးတင်ပါတယ် လေပြေသွေး...'
အပေါက်ဝမှာစောင့်နေတဲ့လူတွေက သုတကိုတချက်လှည့်ကြည့်ပြီးပြန်လှည့်သွားသည် ကြည့်ရတာ လေပြေနဲ့ကလေးပျောက်သွားတာကိုသတိမထားမိသေးပုံပင်
.......................ဝုန်း💢💢💢
သခင် အခန်းထဲမှာပစ္စည်းတွေကိုပစ်ချကာသောင်းကျန်းနေမိသည် နံရံကိုလက်သီးနဲ့ထိုးထားသောကြောင့်သွေးတွေကလည်းလက်မှတစက်စက်ကျနေသည်
သူဘာလို့ဒီလောက်ထိအသုံးမကျရတာလဲ..သူခဏလေးသုတအနားမှာမရှိတဲ့အချိန်ဦးသန်းထိုက်ဆိုတဲ့လူကသုတကိုရအောင်ခေါ်သွားသေးတယ်
ဆေးရုံကလုံခြုံရေးကင်မရာရှိစီစီတီဗီကိုစစ်ဆေးကြည့်တော့ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားတဲ့လူတစ်ယောက်ကအရှေ့ကနေကလေးကိုချီကာသွားပြီးသုတကလည်းအနောက်ကနေလိုက်သွားခဲ့သည် ကလေးချီထားတဲ့လူ့ရဲ့ခန္ဓာကိုယ်အနေအထားအရဦးသန်းထိုက်ဆိုတာသိသာနေသည်
"....တောက်...ဦးသန်းထိုက်..."
"မင်းသခင်..."
ကောင်းကင်ကအခန်းထဲဝင်လာကာ နံရံကိုမှီနေတဲ့သခင့်ကိုကြည့်လိုက်သည်
"....ရဲတွေလည်းအခုသုတရဲ့တည်နေရာကိုရအောင်ရှာနေပါတယ်.."
"....ကောင်းကင်..ငါဘာလို့ဒီလောက်ထိအသုံးမကျရတာလဲကွာ...အခုချိန်လောက်ဆိုသုတဘယ်လိုအန္တရာယ်တွေနဲ့ကြုံနေရပြီလဲမသိဘူး..."
"......သား..မင်းသခင်..မင်းကိုတွေ့ချင်နေတဲ့လူတစ်ယောက်ရှိတယ်.."
အန်တီက အခန်းထဲဝင်လာကာသခင့်ကိုစကားပြောသည် အန်တီနောက်ကနေတဖြည်းဖြည်းထွက်လာတဲ့သူက ကလေးကိုချီထားတဲ့လေပြေပင်ဖြစ်သည်
"...လေပြေသွေး..."
"....တောင်း..တောင်းပန်ပါတယ်..ကိုကို.."
သခင်ကလေပြေချီထားတဲ့ကလေးကို ပြောင်းယူလိုက်ကာ
"သုတဘယ်မှာလဲ..."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်