24

31.9K 2.8K 5
                                        

"ဟဲ့ အဲ့ဒါငါတို့Ceoရဲ့ညီ​လေးဆိုတာလား...ချစ်​စရာ​လေး​နော်​.."

"ဟုတ်​ပါ့ဟယ်​ အသား​လေးကလည်းဖြူ​ဖွေး​နေတာပဲ ငါတို့များကျ​တော့လည်းမ​ပြောလိုက်​ချင်​ဘူး.."

"ဒါကသူ့ကုသိုလ်​နဲ့သူလာတာပဲ​လေ....ဘာပဲဖြစ်​ဖြစ်​ ချစ်​ဖို့​ကောင်းတာ​တော့တကယ်​ပဲသိလား.."

"​အေးဟယ်​.."

မင်းမြတ်​သီဟက အလုပ်​ခန်းထဲမှာအ​ရေး​ပေါ်အစည်း​ဝေးထိုင်​​နေပြီး သုတက ရုံးခန်းအပြင်​ဖက်​မှာ ထိုင်​ပြီးဖုန်းသုံး​နေ​လေသည်​ ဝန်​ထမ်း​ကောင်​မ​လေးတချို့က အလုပ်​လုပ်​​နေသလိုနဲ့သုတကိုခိုးခိုးကြည့်​​နေကြသည်

ဖုန်းသုံး​နေရင်း ဗိုက်​ထဲကတဂွီဂွီမြည်​လာတာ​ကြောင့်​ သုတဖုန်းကိုပိတ်​လို်​က်​ပြီး ဟိုကြည့်​ဒီကြည့်​ကြည့်​ကာဝန်​ထမ်း​တွေဆီ​လျောက်​လာ​လေသည်

"ဟဲ့ဟဲ့..ငါတို့ဖက်​ကိုကြည့်​​နေပြီ..."

"​အေးဟုတ်​တယ်​ ဟုတ်​တယ်​ ငါတို့ခိုးကြည့့်​တာ​တွေ့သွားလို့လားမသိဘူး.."

"အစ်​မတို့.."

"ဟုတ်​ကဲ့​ပြောပါသခင်​​လေး.."

"အာ..အဲ့​လောက်​ကြီးရိုရို​သေ​သေ​ခေါ်စရာမလိုပါဘူး..သုတလို့​ခေါ်လို့ရပါတယ်​.."

"ဒါဆို...သုတလို့ပဲ​ခေါ်မယ်​​နော်​.."

"ဟုတ်​ ကျွန်​​တော်​တခု​လောက်​​မေးချင်​လို့ပါ.."

"ရတယ်​ရတယ်​ တခုမဟုတ်​ဘူးကြိုက်​သ​လောက်​​မေးလို့ရတယ်​.."

"ဟုတ်​ ဒီက​နေ​လေ ကုမ္ပဏီဝင်​​ပေါက်​ကိုဘယ်​လိုသွားရမလဲ..ဒီကိုလာ​နေကျမဟုတ်​​တော့လမ်း​တွေ​မေ့ကုန်​လို့.."

"​အော်​ အဲ့ဒါကလား ဒီ​က​နေ့ ​ရှေ့တည့်​တည့်​သွားဘယ်​ကိုချိုး အဲ့မှာဓာတ်​​လှေကားရှိတယ်​ အဲ့က​နေ 1ထပ်​ကိုဆင်းလိုက်​ အဲ့မှာဝင်​​ပေါက်​ကိုတန်းမြင်​လိမ့်​မယ်​.."

"ဟုတ်​ကဲ့ ​ကျေးဇူး​နော်​.."

"ရတယ်​ ရတယ်​.."

သုတ ဗိုက်​အရမ်းဆာ​နေ​သော​ကြောင့်​ ကုမ္ပဏီအနီးနားကဆိုင်​မှာတခုခုစားဖို့ထွက်​လာခဲ့လိုက်​သည်​ အနားကဝန်​ထမ်း​တွေကိုဝယ်​ခိုင်းဖို့ကလည်းအကုန်​လုံးကသူတို့အလုပ်​​တွေနဲ့သူတို့ရှူပ်​​နေကြ၍ခိုင်းရမှာအားနာမိသည်​ ​ဘော်​ဒီဂတ်​​တွေကလည်း အစ်​ကိုခိုင်းထားတဲ့ကိစ္စ​တွေ​ကြောင့်​အနားမှာမရှိကြ​ပေ

Maung(Completed)Where stories live. Discover now