(A.N-Zawgyiကအောက်ဖက်မှာပါနော်)
ဝေယံ သုတအခုထိဆင်းမလာသေးဘူးလား ညစာစားရတော့မယ် သွားခေါ်လိုက်ဦး.."
မင်းမြတ်သီဟ ထမင်းစားပွဲမှာအကြာကြီးစောင့်နေပေမယ့်အခုထိသုတကဆင်းမလာသေးသောကြောင့် ဝေယံကိုသွားခေါ်ခိုင်းလိုက်သည် သုတအခန်းထဲမှာပဲအောင်းနေတာအပြင်တောင်ထွက်မလာဘူး နေမကောင်းလို့များလား
ခဏလောက်ကြာတော့ဝေယံပြန်ရောက်လာသည် သုတတော့မပါလာခဲ့ပေ
"သ...သခင်လေး..."
"အင်း သုတကော...အိပ်ပျော်နေတာလား.."
"သခင်လေးသုတကို အခန်းထဲမှာမတွေ့ပါဘူး.."
ချွမ်း ခလွမ်း💢
ဝေယံစကားကြောင့် မင်းမြတ်သီဟ လက်ထဲမှာကိုင်ထားတဲ့ ဇွန်းခက်ရင်းအစုံဟာ အောက်သို့ပြုတ်ကျသွားခဲ့သည်
"သုတ အပြင်သွားတာလား...မဟုတ်ဘူး သုတအပြင်သွားတာငါမတွေ့မိပါဘူး..သေချာကောရှာကြည့်ပြီးပြီလား.."
"ရှာပြီးပါပြီ သခင်လေး.."
"မင်းသေချာမရှာရသေးဘူးထင်တယ် ငါကိုယ်တိုင်သွားရှာမယ်.."
မင်းမြတ်သီဟကအလောတကြီးဖြင့်အပေါ်ထပ်သို့တက်သွားလေသည် ဝေယံနဲ့အိမ်ဖော်အချိူ့လည်းအနောက်ကနေလိုက်လာခဲ့ကြသည်
"သုတ သုတ...ဘယ်မှာလဲ ညီလေး.."
မင်းမြတ်သီဟ တစ်ယောက် သုတအခန်းထဲမွှေနှောက်ကာ ရေချိူးခန်းပါမကျန် အကုန်ရှာဖွေပေမယ့် သုတကိုမတွေ့သောကြောင့် ပိုပြီးစိတ်ပူလာရသည် သုတဖုန်းကိုခေါ်ကြည့်ပေမယ့်လည်း စက်ပိတ်ထားပါသည် ပဲဖြေနေသည်
".....မင်းတို့ လုံခြုံရေးတွေ စောက်သုံးကိုမကျဘူး ... ဟမ်..."
မင်းမြတ်သီဟ လုံခြုံရေးတွေကိုဆူရင်း သူတွေ့လိုက်တာက ဗီရိုထဲကနေထွက်ကျနေတဲ့ဓာတ်ပုံတချိူ့ဖြစ်သည် ဓာတ်ပုံတစ်ပုံကိုကောက်ယူကာကြည့်လိုက်တော့ ဓာတ်ပုံထဲမှာ သခင်နဲ့သုတ တို့ကတွဲလျက်ရှိနေသည်
"ဒါကဘာလဲ...ဝေယံ ဒါကဘာလဲ..."
"........တကယ်တော့ သခင်လေး....မင်းသခင်နဲ့တွဲနေတဲ့ကောင်လေးက သခင်လေးသုတပါ.."

YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်