23

30K 2.4K 18
                                    

သုတအခန်းထဲဝင်​ပြီးပြီးချင်း​ရေချိုးခန်းထဲတန်းဝင်​လာသည်​ ​ရေချိုးခန်းထဲကမှန်​​ပေါ်​မှာ​ပေါ်​နေတဲ့ကိုယ့်​ပုံရိပ်​ကိုယ်​ကြည့်​ပြီး ခုနကအရုပ်​ဆိုင်​ထဲမှာသခင်​နဲ့နမ်းခဲ့တာ​တွေကိုပြန်​မြင်​​ယောင်​လာသည်

"အား.. !ငါ​တော့​သေ​တော့မှာပဲ..."

ကိုယ့်​မျက်​နှာကိုယ်​လက်​နဲ့ပြန်​အုပ်​ပြီး ပါး​တွေနီရဲ​နေတဲ့သုတ

"​မောင်​ကဘယ်​လိုဖြစ်​ပြီး အဲ့ကို​ရောက်​လာတာလဲ..မသိဘူး.."

တကယ်​ပါ ​မောင်​ကmagicဆန်​လွန်းတယ်​ ​မောင်​နဲ့ဆုံတိုင်းရင်​ခုန်​ပြီးစိတ်​လှူပ်​ရှားရသည်​ ဒါ​ပေမယ့်​တခါတ​လေ​တော့လည်း သူ​တွေးမိသည်​ ​မောင်​နဲ့သုတကြားထဲမှာကွာခြားချက်​​တွေများ​နေသလိုပဲ ​မောင်​ကအနီ​ရောင်​ကြိုက်​တယ်​ သူက​တော့အဖြူ​ရောင်​ကြိုက်​တယ်​ ..​မောင်​ကအစပ်​မကြိုက်​ဘူးတဲ့ သူက​တော့အစပ်​ဆိုအရမ်းကြိုက်​တာ ​​မောင်​ကရုပ်​ရှင်​ဆိုHorrorကား​တွေကြည့်​ရတာသ​ဘောကျသည်​ သူက​တော့Horrorမ​ပြောနဲ့ ​ဇာတ်​ကားထဲမှာ​သွေး​တွေဒဏ်​ရာ​တွေပြတဲ့အခန်းဆို မကြည့်​ရဲလို့ ​ကျော်​ပြီး​တောင်​ကြည့်​တာ ပြီး​တော့​မောင်​ကသူ့​ခြေ​ထောက်​​ပေါ်သူရပ်​တည်​ပြီးကိုယ်​တိုင်​စီးပွား​ရေးလုပ်​​နေတာ သူက​တော့အခုထိအိမ်​မှာ​နေပြီးအစ်​ကိုလုပ်​စာထိုင်​စား​နေတာ....

'ဟင်း....ငါကအသုံးမကျတဲ့လူတစ်​​ယောက်​ဖြစ်​​နေပြီလား..'

"ဘာပဲဖြစ်​ဖြစ်​ ​မောင်​ကငါ့ကိုအရမ်းချစ်​တာပဲ​လေ...."

မောင်​ကသူ့ကိုအရမ်းချစ်​တယ်​လို့​တွေးမိလိုက်​တိုင်း ​ပျော်​ရွှင်​တဲ့ခံစားချက်​မျိုးကဘာနဲ့မှမလဲနိုင်​​အောင်​ပင်

တွေးတာကိုရပ်​ပြီး​ရေချိုးသန့်​စင်​ကာ တစ်​ဝကြီးအိပ်​ပစ်​လိုက်​​တော့သည်​ ညဖက်​​ရောက်​ရင်​​မောင်​နဲ့စကား​ပြောရဦးမည်​​လေ
.....................
"ဆရာ...အခုလာမယ့်​တနင်္ဂ​နွေမှာလုပ်​မယ့်​ ​လေလံပွဲမှာကျွန်​​တော်​တို့ဖက်​ကသာအနိုင်​ရမယ်​ဆိုရင်​ တချက်​ခုတ်​နှစ်​ချက်​ပြတ်​ဖြစ်​မှာပဲသိလား.."

Maung(Completed)Where stories live. Discover now