32

29.5K 2.3K 92
                                    

"​မောင်​..ကြည့်​ပါ​ဦး..​သေး​သေး​လေး​တွေ...ဟီးဟီး..ချစ်​စရာ​လေး.."

သုတ အန်​တီတူ့မအတွက်​လက်​​ဆောင်​ဝယ်​​ပေးချင်​လို့ ကိုယ်​ဝန်​​ဆောင်​အား​ဆေး​တွေဝယ်​ပြီးတဲ့အပြင်​ က​လေးပစ္စည်း​တွေ​ရောင်းတဲ့ဆိုင်​ကို ​မောင်​နဲ့လာခဲ့​လေသည်

က​လေးဖိနပ်​​သေး​သေး​လေး​တွေကိုစီရီထားသည်​က က​လေးချစ်​တတ်​တဲ့သုတအတွက်​ တကယ့်ကိုအသ​ည်းယားဖွယ်​ပင်​ဖြစ်​သလို က​လေးဖိနပ်​​သေး​သေး​လေးနှစ်​ဖက်​ကိုကိုင်​ကာ သူ့ကိုပြုံးပြပြီး​ပြော​နေတဲ့သုတကလည်းသခင့်​ကိုတကယ်​အသည်းယား​စေသည်

"​မောင်​...အဝတ်​အစား​တွေဝယ်​ဖို့ကျ​တော့အဆင်​မ​ပြေဘူး​နော်​ က​လေးက​ယောကျာင်္း​လေးလားမိန်းက​လေးလားမသိ​တော့..."

"အင်း..ဒါဆိုကစားစရာပဲဝယ်​သွားလိုက်​​လေ.."

"​မောင်​လည်း​ရွေး​ပေးဦး...ဟိုဘက်​မှာအများကြီးပဲသွားကြည့်​ရ​အောင်​.."

သုတက​သခင့်​လက်​ကိုဆွဲပြီး ကစားစရာပစ္စည်း​တွေစီရီထားတဲ့​နေရာကို​ခေါ်သွား​လေသည်

"​မောင်​..​မောင်​ဒီမှာကြည့်​ ကား​သေး​သေး​လေး...ချစ်​စရာ​လေး​နော်​..."

သုတကကားအဖြူ​ရောင်​​လေးကိုလက်​ညိုးထိုးပြပြီးအားတက်​သ​ရော​ပြောပြသည်

"က​လေး​ကဘယ်​အရွယ်​​ရောက်​ပြီလဲဟင်​.."

ဘေးနားကမိန်းက​လေး2​ယောက်​က သုတတို့နား​ရောက်​လာကာရုတ်​တရက်​လာ​မေး​သော​ကြောင့်​ သုတခဏ​ကြောင်​သွားသည်

".....မ​မွေး​သေးပါဘူး.."

"​အော်​...ဗိုက်​ထဲမှာပဲရှိ​သေးတာ​ပေါ့..သိပ်​မသိသာဘူး​နော်​.."

"ဟင်​..ဘာကိုမသိသာ...အာ..အဲ့လိုမဟုတ်​ပါဘူး.."

နောက်​​တော့မှသုတကထိုမိန်းက​လေး2​ယောက်​​ပြောချင်​တဲ့အဓိပ္ပါယ်​ကိုသိသွားသည်​ သူကိုကိုယ်​ဝန်​​ဆောင်​လို့ထင်​​နေတာပဲ...

မောင်​က​တော့ဘာမှမ​ပြောပဲထိုမိန်းက​လေးနှစ်​​ယောက်​ကိုသာကြည့်​​နေသည်

Maung(Completed)Where stories live. Discover now