".....ဒီနေ့ ပိုချက်လိုက်တာ မှန်သွားပြီ သားတို့ရေ..စားကြနော်.."
အန်တီက ထမင်းပန်းကန်တွေအသင့်ပြင်ပေးကာ ဟင်းပွဲတွေလာချပေးသည်
"...အန်တီကော မစားဘူးလားဟင်.."
"...အန်တီက မစားချင်သေးလို့သုတလေးရဲ့..ကလေးတို့အရင်စားကြ...အန်တီ တီဗီကလာတဲ့ကိုရီးယားကားသွားကြည့်လိုက်ဦးမယ်.."
"...မဖြူကော စားလေ.."
"ရတယ်...ရတယ် ကလေးနိုးနေပြီထင်တယ် သွားချော့လိုက်ဦးမယ်.."
အန်တီနဲ့မဖြူ ကရှောင်ထွက်သွားကာ ထမင်းစားပွဲတွင် သုတတို့လေးယောက်သာကျန်ခဲ့ကြသည်
"...သုတ စားလေ.."
မင်းမြတ်က သူ့ဘေးမှာထိုင်နေတဲ့ သုတပန်းကန်ထဲကိုဟင်းထည့်ပေးလေသည်
"ဟုတ်..အစ်ကို..အစ်ကိုလည်းစားနော်.."
သုတကလည်း အစ်ကိုဖြစ်သူကိုပြုံးပြကာ ဟင်းပြန်ထည့်ပေးလေသည် ထို့နောက်သုတက ခေါင်းငုံ့ပြီးထမင်းစားနေလေသည် သခင်ကတော့ သုတကိုပဲ ကြည့်နေသောကြောင့် ထမင်းစားဖို့ပင်စိတ်မရောက်နိုင်ပေ သုတရဲ့ပါးဖောင်းဖောင်းလေးကထမင်းဝါးလိုက်တိုင်းမှာပိုပိုပြီးဖောင်းတက်လာကာ ပေါက်စီလုံးလေးသဖွယ် စင်းနေတဲ့မျက်တောင်တွေကလည်းမျက်လွှာချပြီးထမင်းစားနေသောကြောင့် ပိုလို့တောင်ရှူမဝနိုင်အောင်လှနေပေသည်
"....ငါ့ကိုကြည့်နေလို့ ရွှေမထွက်လာဘူး..မင်းသခင်..ထမင်းမြန်မြန်စား.."
သုတပုံကိုကြည့်ပြီးသခင်ပြုံးမိသည် သုတပုံကတည်နေပေမယ့်သူ့မျက်လုံးထဲမှာတော့ လူကြီးစကားပြောနေတဲ့ ကလေးလိုပဲမြင်နေမိသည် မြတ်သုတ ကတကယ်ချစ်ဖို့ကောင်းတယ်ဆိုတာကိုတော့သခင်ဝန်ခံပါသည် အရင်တုန်းကလည်း သုတကိုငေးကြည့်တတ်ပေမယ့် ရန်သူရဲ့ညီဆိုတဲ့အသိကြောင့် ကိုယ့်ကိုကိုယ်ထိန်းချူပ်နေခဲ့ရတာ...ဒါပေမယ့်အခုတော့ သူနဲ့သုတကြားထဲမှာ ခြားထားတဲ့တံတိုင်းကြီးမရှိတော့သလိုပဲခံစားရသည်
"....သုတ စားလှချည်လား..."
ကောင်းကင်ကသုတကိုကြည့်ကာပြောတော့ သုံးကြိမ်မြောက်ထမင်းအိုးကိုဇွန်းနဲ့ခပ်နေတဲ့သုတလက်တွေရပ်တန့်သွားကာ မျက်နှာငယ်လေးဖြင့်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်