သူ့ကိုထိပြီးတော့ ထအော်နေတဲ့သုတကိုကြည့်ပြီး သခင်လည်းဒီအတိုင်းရပ်နေမိသည်
"သုတ..ဘာဖြစ်တာလဲ...သူမင်းကိုဘာလုပ်လို့လဲ.."
အခန်းထဲကို ပြေးဝင်လာတဲ့ ကောင်းကင်ကိုတွေ့တော့ သုတက ကောင်းကင်အနောက်ကိုသွားရပ်လိုက်ပြီး..
"...မင်းသခင်ကို...မင်းရော မြင်ရလား..ကောင်းကင်.."
".....မြင်ရတယ်လေ..."
"....ဟင်..ဒါဆို..တကယ့်လူပေါ့.."
"....မင်းကဘာထင်လို့လဲ..."
"...ငါမြင်ယောင်နေတာထင်လို့.."
"...သုတလေး...ဘာဖြစ်တာလဲ.."
အနောက်ကနေ အန်တီနဲ့မဖြူကလည်း မင်းမြတ်ရဲ့ဝှီးချဲကိုတွန်းရင်းရောက်လာသည်
"....မင်းသခင်...မင်း..ငါ့ညီလေးကိုဘာလုပ်တာလဲ..."
"...ဘာမှမလုပ်ရသေးပါဘူး.. "
"....မဟုတ်ဘူး..မင်းမြတ်သီဟရေ...သုတက မင်းသခင်ကိုသူမြင်ယောင်နေတယ်ထင်နေတာ.."
"....မင်းသခင်က ဒီကိုဘယ်လိုရောက်နေတာလဲ.. "
"...ငါခေါ်လာတာ..သူကမင်းကိုတောင်းပန်ချင်တယ်ဆိုလို့.."
"...ဘာအတွက်လဲ.."
".....ငါလုပ်ခဲ့မိတဲ့အပြစ်တွေအတွက်ငါတောင်းပန်.."
"...ထားလိုက်ပါ...မင်းမှာလည်းမိန်းမရှိတာပဲ..ငါ့ဆီမလာပါနဲ့ မသင့်တော်ဘူး. "
"....မဟုတ်ဘူး သုတ..အဲ့ကောင်မလေးက မင်းသခင်ရဲ့မိန်းမမဟုတ်ဘူး တမင်မင်းကိုလာလိမ်သွားတာ.."
"ဟင်..."
"......အဲ့ဒါ မင်းတို့2ယောက်အေးဆေးစကားပြောကြပါ..ငါတို့ခဏရှောင်ပေးမယ်."
အန်တီနဲ့မဖြူကလည်း အခြေနေကိုရိပ်မိကာ ပြန်ထွက်သွားကြသည် ကောင်းကင်ကလည်းမင်းမြတ်ဝှီးချဲကိုတွန်းကာပြန်ထွက်ဖို့လုပ်တော့...
"ကောင်းကင်ရိပ်..မင်းရပ်လိုက်စမ်း..မတွန်းနဲ့..ငါဒီမှာပဲနေမှာ...ငါ့ညီကိုစိတ်မချဘူး.."
"...ငြိမ်ငြိမ်ထိုင်နေစမ်းပါ..သူတို့2ယောက်အေးဆေးဆွေးနွေးပါစေ.."
![](https://img.wattpad.com/cover/235167944-288-k181697.jpg)
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်