"..ရှင့်ကြောင့်...ရှင့်ကြောင့်ကိုကိုကကျွန်မနဲ့လက်မထပ်တော့တာ..အကုန်လုံးကရှင့်ကြောင့့်.."
လေပြေက သုတကိုလက်ညိုးထိုးကာ အော်ဟစ်ပြီးပြောလေသည် သူ့ပုံကြည့်ရတာစိတ်လွတ်နေသလိုပဲ..သုတမှာတော့အံ့သြလွန်းသောကြောင့်ဘာမှမပြောနိုင်ပဲအရိုက်ခံလိုက်ရတဲ့ပါးတစ်ဖက်ကိုလက်ဖဝါးနဲ့အုပ်ထားမိလေသည်
"...ရှင်..ရှင်သေလိုက်..ရှင်သာသေ သွားရင်ကိုကိုကကျွန်မအပိုင်ဖြစ်လာမှာ.."
လေပြေကပြောလည်းပြော သုတအနားကိုတိုးလာရင်းသုတလည်ပင်းကိုညစ်ဖို့ပြင်လေသည်
"ေ...မောင်.."
သုတ ဗိုက်ထဲကကလေးတခုခုဖြစ်မှာဆိုးသောကြောင့် ဗိုက်ကိုပဲလက်နဲ့ကာထားကာအော်ခေါ်လေသည်
"...သုတ!.."
သခင်စာအုပ်စင်မှာစာအုပ်ရှာနေစဉ် လေပြေ့အသံကြားမိသလိုဖြစ်လိုက်သောကြောင့် အခန်းပြင်ထွက်ဖို့ပြင်လိုက်စဉ် သုတခေါ်သံကြောင့်ခြေလှမ်းတို့ကပိုမြန်သွားကာအောက်ဆင်းလာလေသည်
သခင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်သုတကိုစိုးရိမ်သွားမိသည် လေပြေသွေးဒီကောင်မလေးဘာတွေအရှူးထနေတာလဲ သခင် လေပြေကိုဆွဲထုတ်ဖို့ပြင်လိုက်ပေမယ့် ယာရီကအရင်လက်ဦးသွားသည်
"...နင်ကများ..သူများအိမ်အထိလာပြီးတော့ သုတကိုအနိုင်ကျင့်ရဲတယ်ပေါ့.."
ယာရီက လေပြေ့ဆံပင်ကိုအနောက်ကနေဆော့င်ဆွဲလိုက်သောကြောင့် လေပြေသုတအနားကနေအလှမ်းဝေးသွားလေသည်
"...နင်ကဘယ်သူမို့လို့...ငါ့ကိုထိရဲတာလဲ..လွတ်စမ်း..ငါ့ဒယ်ဒီကဘယ်သူလဲနင်သိလား.."
"မသိဘူး..သိလည်းမသိချင်ဘူး...အခုငါသိတာကနင်ကအကျင့်မကောင်းဘူးဆိုတာပဲ.."
လေပြေရုန်းရင်းနဲ့ ယာရီလက်ထဲကလွတ်သွားလေသည်
"....နင်...နင်တို့တွေအကုန်လုံးကတကျိတ်တည်းတဉာဏ်တည်းပဲ..ကိုကို့ကိုငါ့လက်ထဲကနေနင်တို့တွေလုယူသွားတာ...မြတ်သုတ..ရှင်ကအဆိုးဆုံးပဲ..ရှင်သာ...ရှင်သာမရှိရင် အခုချိန်လောက်ဆိုကိုကိုနဲ့ငါကလက်ထပ်ပြီးသွားပြီ...အကုန်လုံးကရှင့်ကြောင့့်ပဲ.."
![](https://img.wattpad.com/cover/235167944-288-k181697.jpg)
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်