70

31.4K 2K 31
                                    

"...သုတ..ကလေး..ကလေးမွေးချင်နေတာလား.."

"အင့်...ဟုတ်..အာ့....တယ်...အား..အရမ်း...နာ...နာတယ်.."

"...ဘယ်လိုလုပ်မလဲ...အန်တီရေ...မဖြူလာကြပါဦး.."

မင်းမြတ်ကလည်းလမ်းမလျောက်နိုင်သေး၍ဘာမှလုပ်ပေးလို့မရပဲဖြစ်နေကာ အကူညီအော်ပြီးတောင်းရသည် မဖြူကလည်းရေချိူးခန်းဝင်နေ၍အပေါ်ထပ်ကအသံတွေကိုမကြားပေ

"...သုတ...."

"...အဟင့်...အာ့...သေတော့မှာပဲ...အ..အရမ်းနာတယ်..."

သုတလဲနေတဲ့နေရာကနေထွက်လာတဲ့ရေများကြောင့် မင်းမြတ်အံ့သြ သွားရသည် ဒါသူကြားဖူးတဲ့ရေမွှာပေါက်တယ်ဆိုတာလား

"...သု..သုတ.."

"..အဟင့်...အာ့..."

မင်းမြတ် ကိုယ့်ရှေ့မှာကိုယ်ချစ်ရတဲ့ညီလေးခံစားနေရတာကိုဘယ်လိုမှကြည့်မရက်နိုင်တော့ပေ ကိုယ့်စိတ်ကိုယ်အားတင်းပြီးလမ်းစမ်းလျောက်ကြည့်သည် စစချင်းမှာလဲကျတော့မလိုဖြစ်ပေမယ့် နာကျင်နေတဲ့သုတမျက်နှာကြောင့်သူဘယ်လိုမှမလဲကျရက်ပေ သူ့ညီလေးတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ သူကာကွယ်ရမယ်

ကြိုးစားကာအားတင်းပြီးထပ်လျောက်ကြည့်ရင်းခြေထောက်အစုံကအားမာန်အပြည့်ဖြင့်ကြမ်းပြင်ပေါ်မှာလမ်းလျောက်နိုင်သွားသည်

"...သု...သုတ အစ်ကိုဆေးရုံကိုခေါ်သွားပေးမယ် အားတင်းထားနော်.."

"...ဟု..တ်..."

မင်းမြတ်က သုတကိုပွေ့ချီလိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်

"....ဟယ် ကိုမင်းမြတ်..ဘယ်လိုဖြစ်..ဟင်..သုတဘာဖြစ်တာလဲ.."

အခန်းထဲကနေထွက်လာတဲ့မဖြူက မင်းမြတ်နဲ့သုတကိုတွေ့တော့အံ့သြ သွားရသည်

"..သုတကလေးမွေးတော့မယ်မဖြူ...မင်းသခင်ကို အကြောင်းကြားလိုက်ပါ..ကျွန်တော် သုတ ဗိုက်အပ်ထားတဲ့ဆေးရုံသွားနှင့်မယ်.."

မဖြူကိုပြောပြီးပြီးချင်း အိမ်ပြင်ကိုအမြန်ထွက်သွားတဲ့ မင်းမြတ်ကိုကြည့်ပြီးမဖြူ ခဏကြောင်ကာရပ်နေမိပြီးမှ သတိပြန်ဝင်လာကာ သခင့်ကိုဖုန်းဆက်ဖို့လုပ်ရသည်
.......................

​Maung(Completed)Where stories live. Discover now