45

39.7K 2.5K 163
                                        

" သခင်လေး ရောက်လာပါပြီလား.."

"အင်း...မြတ်သုတအခန်းကဘယ်အခန်းလဲ.."

"အပေါ်ဖက်ကိုတက်သွားရင်ညာဖက်ထောင့်ကအခန်းပါ.."

သခင် ဒီနေ့အိမ်မပြန်ချင်၍သူသိမ်းထားခဲ့သည့် သုတတို့အိမ်ကိုရည်ရွယ်ချက်မရှိပဲရောက်လာခဲ့သည် အိမ်ကမင်းမြတ်သီဟခန့်ထားခဲ့တဲ့အိမ်ဖော်တွေကိုလည်းအလုပ်မထုတ်ပဲဒီအတိုင်းဆက်ထားခဲ့သည် မင်းမြတ်သီဟကိုအနိုင်ယူချင်လို့သာ ဒီအိမ်ကိုပါသိမ်းပိုက်ခဲ့တာ တကယ်တမ်းကျတော့ ဒီအိမ်ကြီးကိုဘာလုပ်ရမယ်မှန်းလည်းမသိဖြစ်နေသည်

ဂျလောက်💢💢

သခင် သုတအခန်းထဲဝင်ဝင်ချင်းအရင်ဆုံးသတိထားမိတာက ကုတင်ပေါ်မှာတင်ထားတဲ့ ခွေးရုပ်ကြီး

" ......ဒါက...Scoby Doo..အရုပ်ပဲ.."

သခင် ဒီခွေးရုပ်ကြီးကိုမြင်ဖူးသလိုရှိနေတာမို့ ပြန်စဉ်းစားလိုက်တော့ ဒီအရုပ်က သူအလယ်တန်းလောက်တုန်းကကြည့်ခဲ့ဖူးတဲ့ Scoby Dooကာတွန်းကားထဲက ဇာတ်ကောင် Scoby Dooပဲ...နေပါဦးအရင်တခါ သူမြတ်သုတနဲ့ကုန်တိုု်က်မှာတွေ့တုန်းကလည်း မြတ်သုတကအဲ့Scoby Dooပါတဲ့Snow ballလေးကိုကြည့်နေခဲ့သည် ဒါဆိုဘာလဲ မြတ်သုတကအခုချိန်ထိကာတွန်းကားကြည့်နေတုန်းပဲလား

"...ကလေးဆန်လိုက်တာ.."

သခင် ကုတင်ပေါ်မှာထိုင်ရင်း အကြည့်ရောက်သွားတာက ဟနေတဲ့ဗီရိုထဲကတစွန်းတစမြင်နေရတဲ့ ဖန်ဘူးလေးတစ်ဘူးပင်ဖြစ်သည် ထိုဖန်ဘူးလေးကိုယူကြည့်လိုက်တော့အထဲမှာနွမ်းရော်နေတဲ့Callaပန်းဖက်တချိူ့
ဒါကသူ မြတ်သုတကိုပေးခဲ့တဲ့Callaပန်းပဲ မြတ်သုတကအခုချိန်ထိသိမ်းထားခဲ့တာလား ဖန်ဘူးလေးထဲကCallaပန်းခြောက်တွေကိုကြည်ပြီး သခင့်ရင်ထဲမှာနွေးထွေးမှူလေးတခုကိုခံစားလိုက်ရသည်
.........................

"လာ သားတို့လွတ်လွတ်လပ်လပ်နေကြနော်...ဒါကအန်တီတူမပန်းပွင့်ဖြူတဲ့.."

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် မပန်းပွင့်ဖြူ....ကျွန်တော်ကမြတ်သုတပါ..ဒါကကျွန်တော့်အစ်ကို မင်းမြတ်သီဟ..သူကကျွန်တော့်သူငယ်ချင်းကောင်းကင်ရိပ်.."

​Maung(Completed)Où les histoires vivent. Découvrez maintenant