"....ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး..လူနာတစ်ဦးရဲ့အသက်ကိုပဲကယ်တင်နိုင်ခဲ့တယ်..အသက်ရှင်နေတဲ့လူနာကလည်း့စိတ်ချရတဲ့အခြေနေမှာမရှိသေးပါဘူး..ဆက်လက်စောင့်ကြည့်ရဦးမယ်..."
"..........."
သုတတို့အခန်းထဲဝင်သွားတော့ သေဆုံးတဲ့သူကဝေယံဖြစ်နေခဲ့သည် အစ်ကိုဖြစ်သူအသက်ရှင်နေလို့ သုတပျော်မိပေမယ့် ဝေယံဆုံးသွားတဲ့အတွက်စိတ်မကောင်းဖြစ်မိသည် သွေးသားမတော်စပ်ပေမယ့် အရင်ကတည်းကအစ်ကို့လူယုံဖြစ်ပြီး သူ့ကိုလည်းစောင့်ရှောက်ပေးခဲ့သည်မလား
"....ပုံမှန်ဆိုရင်တော့ မောင်းတဲ့လူထက် ဘေးမှာထိုင်တဲ့လူကပိုပြီးထိခိုက်သေဆုံးနိုင်ခြေများပါတယ် ဒါပေမယ့်ကြည့်ရတာ ဒီလူကတော့ ဘေးကလူကိုမထိခိုက်စေချင်လို့ သူ့ကိုပိုပြီးDamageများအောင် စတီယာတိုင်ကိုထိန်းလိုက်ပုံပဲ...ဘေးကလူအသက်ရှင်ရတာသူ့ကြောင့်လည်းပါတယ်.."
"ဟုတ်....."
ဆရာဝန်များထွက်သွားသည်နဲ့ သုတ ဝေယံအလောင်းဘေးသို့သွားကာ လက်အုပ်ချီမိသည်
"....ဝေယံ...ကျေး..ကျေးဇူးတင်ပါတယ်...အစ်ကို့ကို....ကယ်ပေး..ခဲ့တဲ့အတွက်..တ..ကယ်ကျေးဇူး တင်..ပါတယ်.."
.......................
အစ်ကိုသတိမေ့နေတာ 2ပတ်ရှိခဲ့ပြီ ဒီအတောတွင်းမှာသုတအရမ်းပင်ပန်းခဲ့ရသည် ရဲတွေကလည်း ဒီကားအက်စီးဒန့်က မတော်တဆလား လုပ်ကြံထားတာလားဆိုတာ အဖြေရှာနေကြသည် အစ်ကိုကအသက်ရှင်ကျန်ရစ်နေတဲ့သူဖြစ်တဲ့အတွက် အစ်ကို့ရဲ့ထွက်ဆိုချက်ကလည်း အရေးပါနေတဲ့အပြင် အစ်ကို့အခြေနေကလည်းစိတ်မချရသေး၍အခုချိန်ထိဆေးရုံကမဆင်းရသေးချေ"သုတ...ထမင်းစားပြီးပြီလား.."
"ဟင့်အင်း..မစားတော့ဘူး..."
ကောင်းကင် လက်ထဲက ကြက်ဆီထမင်းဘူးကိုစားပွဲပေါ်ချကာ သုတနားဝင်ထိုင်လိုက်သည်
"....ငါ ကြက်ဆီထမင်းဝယ်လာတယ် စားလိုက်လေ.."
".....စားချင်စိတ်မရှိလို့ပါ ကောင်းကင်ရယ်.."
သုတ စိတ်ညစ်နေတာကိုကြည့်ပြီး ကောင်းကင်လည်းထပ်တူစိတ်ညစ်မိသည် မင်းမြတ်သီဟ သတိမေ့နေတဲ့အတောတွင်းမှာ သုတအစားကောင်းကောင်းမစားတဲ့အပြင် ညဖက်တွေလည်းအိပ်ပုံမရ လူကအရင်ကထက်စာရင်ပိုပြီးပိန်လာသည်
![](https://img.wattpad.com/cover/235167944-288-k181697.jpg)
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်