13

39.7K 2.9K 24
                                        

သခင်​​မောင်းလာတဲ့ဆိုင်​ကယ်​က သုတအိမ်​မ​ရောက်​ခင်​နည်းနည်း​လေးအလိုမှာရပ်​သွားသည်​..

"လိုက်​ပို့​ပေးတာ​ကျေးဇူးတင်​ပါတယ်​..."

သုတကဆိုင်​ကယ်​​ပေါ်က​နေဆင်းပြီးဆိုင်​ကယ်​ဦးထုပ်​ကိုချွတိကာ သခင့်​ကိုလှမ်း​ပေးသည်

"​ပြောစရာရှိတယ်​ မြတ်​သုတ"

သခင်​ကသုတ​လှမ်း​ပေးတဲ့ဆိုင်​ကယ်​ဦးထုပ်​​ကိုဆိုင်​ကယ်​​ပေါ်တင်​လိုက်​ပြီး သုတခါးကိုလှမ်းဖက်​လိုက်​သည်​...ရုတ်​တရက်​ဖက်​လိုက်​​​သော​ကြောင့်​ သုတလည်း​ကြောင်​​နေသည်​ ​နောက်​မှအသိပြန်​ဝင်​​တော့ သခင်​ကသူ့ကိုကြည့်​​နေပြီး မျက်​ဝန်း​တွေကတခုခု​ပြောချင်​​နေသလိုလိုပင်​..

"ဘာ..ဘာလို့လဲ..မင်းသခင်​ ဖယ်​​ပေး​လေ.."

သုတကသခင်​မျက်​နှာနဲ့သူ့မျက်​နှာအရမ်းနှီးကပ်​​နေ​သော​ကြောင့်​ သခင့်​ရင်​ဘက်​ကိုသူ့လက်​​လေးနဲ့တွန်းပြီး ​ရှောင်​ဖို့ကြိုးစားသည်​.. ..ဒါ​ပေမယ့်​သခင်​ကလည်းမဖယ်​ပဲဆက်​ပြီးဖက်​ထားတာမို့ သုတရှက်​ပြီးမျက်​နှာ​တွေနီရဲတက်​လာသည်​....ရင်​​တွေလည်းအရမ်းခုန်​​တေမိသည်​ ဒီ​နေရာမှာသခင်​မဟုတ်​ပဲတခြားတစ်​​ယောက်​ဆိုရင်​ရွံ့ပြီးမုန်းမိမယ်​ဆို​ပေမယ့်​ သခင့်​အ​ပေါ်​တော့ရှက်​တာနဲ့ရင်​ခုန်​တာရယ်​ကလွဲပြီးဘာမှမဖြစ်​မိ..

"သိပ်​လှတယ်​...မြတ်​သုတ"

"ဟင်​.."

ဒီစကားက​တော့သခင်​စိတ်​ထဲမှာရှိသလိုအမှန်​တိုင်း​ပြောလိုက်​မိခြင်းဖြစ်​သည်​ ​ခေါင်း​လေးငုံ့ပြီးမျက်​လွှာချထား​တဲ့သုတရဲ့မျက်​​တောင်​​မွှေး​လေး​တွေကသဘာဝအတိုင်းရှည်​ပြ်ီး​ကော့ဆင်း​နေသည်​မှာ Mascaraသုံးထားတာထက်​​တောင်​ပိုလှ​သေးသည်​...အနီးကပ်​ဖြစ်​​နေ​သော​ကြောင့်​ပါးက​သွေး​ကြောစိမ်း​လေး​တွေကို​တောင်​မြင်​​နေရသည်​..နှူတ်​ခမ်းသား​လေး2လွှာကလည်းစ​တော်​ဘယ်​ရီ​သီး​လေးလိုပင်​​...ဆွဲ​ဆောင်​နိုင်​လွန်းသည်​...​ကြွေရုပ်​​လေးလို့လှတယ်​ဆိုတဲ့စကားလုံးက မြတ်​သုတအတွက်​များဖြစ်​တည်​လာတာလားဟု့​တောင်​ထင်​ရသည်

Maung(Completed)Où les histoires vivent. Découvrez maintenant