ကောင်းကင်ပြောခဲ့တဲ့စကားတွေကသုတရဲ့ အတွေးထဲရောက်ရောက်လာသည်
'ဒီကောင်ကမင်းဆီကိုအကြံစည်တခုကြောင့်ချဉ်းကပ်လာတာ'
"မဟုတ်သေးပါဘူး...ငါကငါ့ကိုအသားယူဖို့ကြံခဲ့တဲ့ကောင်းကင်ရဲ့စကားကြောင့် မောင့်ကိုသံသယဖြစ်နေတာလား...မဖြစ်သင့်ဘူး..မောင့်ကငါ့ကိုတကယ်ချစ်ပါတယ်.."
သုတရဲ့အကြည့်တွေက သခင်ပေးထားတဲ့ Callaပန်းစည်းဆီရောက်သွားတော့အလိုလိုပြုံးမိသွားသည် တကယ်ပါပဲ မောင်ကကဗျာဆန်လိုက်တာ
ကလင်ကလင်📱
Phone Contactမှာပေါ်နေတာက ကောင်းကင်ရဲ့ဖုန်းနံပါတ်ပင် သုတမမှတ်ထားပေမယ့်အလွတ်တောင်ရနေပြီ ဘာဖြစ်လို့များကောင်းကင်ကသူ့ဆီပဲဖုန်းဆက်နေရတာလဲ...ဒီတခါတော့အရင်အခေါက်တွေတုန်းကလိုမျိုး ဖုန်းမကိုင်ပဲမနေတော့ပဲ ကိုင်ပြီးကောင်းကောင်းကြီးအော်ပစ်လိုက်ဖို့ သုတစိတ်ကူးမိပြီးဖုန်းကိုကိုင်လိုက်သည်"ဘာလဲ...ဘာလို့အားနေတိုင်းငါ့ဆီပဲဖုန်းဆက်နေတာလဲ ရှူးများနေတာလား..အချိန်တွေအရမ်းပေါနေလည်း ကင်းမြီးကောက် ထောင်နေလိုက်.."
တစ်ဖက်က သုတရဲ့အသံစူးစူးလေးကိုကြားတော့ ကောင်းကင်ပြုံးမိသည် သုတရဲ့ဒီလိုစွာသံမျိုးမကြားရတာတော်တော်ကြာပြီပဲ ကျောင်းတုန်းကဆိုရင် သူ သုတရဲ့လက်တွေကိုအမြဲတမ်း ဘောပင်နဲ့လိုက်ခြစ်ပြီးစနောက်တိုင်း သုတ ကအမြဲတမ်းဒီလို ပြန်ရန်တွေ့နေကြပင်
"သုတ..."
"ဘာလဲ..မင်းအားတိုင်းဖုန်းမဆက်.."
"တောင်းပန်ပါတယ်.."
ကောင်းကင်ရဲ့တောင်းပန်စကားကြားတော့သုတခဏအသံတိတ်သွားသည်
"မင်းခွင့်မလွတ်နိုင်ဘူးဆိုတာသိပါတယ်..ဒါပေမယ့် ငါတောင်းပန်ချင်တယ်..ကျေးဇူးပြုပြီးငါ့အမှားကိုပြင်ဆင်ခွင့်ပေးပါသုတရယ်.."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်