"....မင်းသခင်...သုတကော.."
မင်းမြတ်က လက်မှတ်ထိုးနေတဲ့သခင့်ကိုကြည့်ပြီးမေးလာသည်
"...အခန်းထဲမှာလေ.."
"ငါမတွေ့ဘူး.."
မင်းမြတ်စကားကြောင့်သခင့်လက်ထဲကဘောပင်အောက်ပြုတ်ကျသွားခဲ့သည်
"....သုတ အခန်းထဲမှာမရှိဘူးလား.."
သခင် စိတ်ထဲတွင်သုတတခုခုဖြစ်နေပြီလားဆိုသောအသိကြောင့် လမ်းကလူတွေကိုရှောင်ကာအပြေးအလွှားပင်သုတအခန်းဆီကိုသွားလေသည် အနောက်ကမင်းမြတ်ကလည်းပြေးပြီးလိုက်လာခဲ့သည်
အခန်းထဲကိုရောက်တော့ သုတရှိမနေခဲ့ပေ ပုခက်ထဲမှာအိပ်ပျော်နေတဲ့သားလေးကလည်းပျောက်နေခဲ့သည်
"...သုတ...သုတရေ..ဘယ်မှာလဲ.."
"....သုတကဘာလို့အခန်းထဲမှာမရှိရတာလဲ...တစ်နေရာရာများသွားတာလား.."
"မဟုတ်ဘူး..သူအခန်းထဲမှာပဲရှိနေခဲ့တာ...ကျွန်တော်ခဏနေပြန်လာမို့ဘယ်မှမသွားနဲ့ဦးလို့တောင်မှာထားခဲ့တယ်.."
သခင် သုတဖုန်းကိုဆက်ကြည့်တော့လည်း ဖုန်းကအခန်းထဲမှာပဲရှိနေခဲ့သည် ဖုန်းကအခန်းထဲမှာဆိုရင်လူကဘယ်ရောက်သွားတာလဲ
"....ယောက်ဖ...သုတနဲ့သားလေး ပျောက်နေတာမရိုးတော့ဘူး..ရဲစခန်းကိုဖုန်းဆက်လိုက်..ကျွန်တော်လုံခြုံရေးခန်းကိုသွားကြည့်မယ်.."
"...အေး..ငါအကြောင်းကြားလိုက်မယ်.."
......................"....သားလေးကို..ပေးပါတော့.."
သုတက ဘေးမှာလက်တစ်ဖက်စီကိုဆွဲချူပ်ထားတဲ့လူ2ယောက်ရဲ့လက်ကိုရုန်းဖယ်ရင်း အရှေ့ကဦးသန်းထိုက်ကိုပြောလိုက်သည်
".....ပေးချင်ရင်အစကတည်းကမခေါ်လာဘူးလေ တူလေးရဲ့.."
ဦးသန်းထိုက်ကလက်ထဲကလေးကိုပွေ့ချီပြီး မလှမ်းမကမ်းနားကစားပွဲပေါ်တင်ထားလိုက်သည်
"....ဦးလေး ဘာဖြစ်ချင်နေတာလဲ..ဘာလို့ဒီလိုမကောင်းတဲ့အရာတွေကိုလုပ်နေရတာလဲ..နောင်တမရသေးဘူးလား.."
"......ဟက်...နောင်တ?...ရယ်စရာတွေလာပြောနေတာပဲ..သူ့ကိုတိုင်မှာကပ်ပြီးကြိုးချည်လိုက်.."

YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်