"နေပါဦး.အဲ့တော့ ကောင်းကင်ရိပ် မင်းပြောချင်တာက မင်းမြတ်သီဟတို့ကားအက်စီးဒန့်ကိုလုပ်ကြံတဲ့သူရှိတယ်ပေါ့..မတော်တဆမဟုတ်ဘူးဆိုတဲ့သဘောလား..."
"အင်း..ဟုတ်တယ် မင်းသခင်.."
ကောင်းကင် ဒီနေ့မနက် 8နာရီလောက်ထဲက သခင်သိမ်းထားတဲ့ မင်းမြတ်ရဲ့ကုမ္ပဏီဟောင်းဆီကိုရောက်နေခဲ့တာဖြစ်သည်
"...အဲ့လုပ်ကြံတဲ့လူကငါလို့ထင်နေတာလား.."
"အဲ့ဒါတော့အတိအကျပြောလ်ု့ိမရဘူးလေ မင်းလည်းဖြစ်နေနိုင်တာပဲ..မင်းကမင်းအမကိစ္စနဲ့ပတ်သက်ပြီးမင်းမြတ်သီဟကိုမကျေနပ်တဲ့သူလေ.."
"ငါ့အမနဲ့ပတ်သက်ပြီး မင်းမြတ်သီဟကိုအမြင်မကြည်ဘူးဆိုပေမယ့် သူ့ကိုသေစေချင်လောက်တဲ့အထိတော့စိတ်မရှိဘူး..ကောင်းကင်ရိပ်.."
"....မင်းတခုခုမှားနေပြီလို့ မစဉ်းစားမိဘူးလား မင်းသခင်...မင်းမြတ်သီဟကမင်းအမကိုဖျက်ဆီးခဲ့ပါတယ်လို့ မင်းကိုဘယ်သူပြောလဲ..."
"....ငါ့အမကိုယ်တိုင်ငါ့ကိုစာရေးပြီးပြောခဲ့တာ.."
"...ဒါကမဖြစ်နိုင်ဘူးလေ မင်းသခင်...မင်းမြတ်သီဟ လိုသူဌေးတစ်ယောက်က မင်းအမကိုဖျက်ဆီးတယ်ဆိုတာဖြစ်နိုင်ပါ့မလား သူသာဆန္ဒရှိရင် ကြိုက်သလောက်one night standတွေခေါ်ပြီးပျော်ပါးလို့ရတယ်..."
"အဲ့တော့ ငါ့အမကိုလိမ်ပြောခဲ့တာဆိုပြီးမင်းပြောချင်တာလား..."
သခင့်အသံကနည်းနည်းမာလာကာ ဒေါသထွက်နေမှန်းသိသာသည်
".....ဟိုးထား..မင်းသခင်...ငါမင်းအမလိမ်ပြောတယ်လို့မပြောဘူးနော်..ငါပြောချင်တာက မင်းတို့2ယောက်ကိုတစ်ယောက်ယောက်က ရန်တိုက်ပေးနေတယ်လို့မထင်ဘူးလား.."
"......ရန်တိုက်ပေးတယ်..."
".......အင်း..ဟုတ်တယ်..မင်းမြတ်သီဟကကံတော်တော်ဆိုးနေတယ် တစ်ယောက်ယောက်ကတမင်လုပ်ကြံထားသလိုကိုဆိုးနေတာ..ပထမဆုံးသူ့ကုန်ပစ္စည်းထုတ်မှာကို သူ့ဦးလေးဦးသန်းထိုက်ဖက်ကအရင်ထုတ်လိုက်တယ် ပြီးတော့ဓာတ်မတည့်မှူဖြစ်တဲ့ကိစ္စ နောက်ပြီး ကုမ္ပဏီဒေဝါလီခံရတယ် အဲ့ကိစ္စကတော့မင်းလုပ်တာလေ..ပြီးတော့အဲ့နေ့မှာပဲကားအက်စီးဒန့်ဖြစ်တယ် တစ်ယောက်ယောက်က တမင်တကာကားဘရိတ်ကိုလာဖောက်ထားတာ.."
![](https://img.wattpad.com/cover/235167944-288-k181697.jpg)
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်