10

41.3K 3K 33
                                    

မြတ်​သုတက​ကောင်းကင်​စကားကိုပဲနား​ထောင်​​နေကာဘာမှပြန်​မ​ပြော

"မင်း​ပြောကြည့်​စမ်းပါ သုတ မင်းအစ်​ကိုကအရမ်းလွန်​လွန်းတယ်​​လေ..မဟုတ်​ဘူးလား"

"မင်းလည်းအမှားကျူးလွန်​ခဲ့တာပဲ​လေ"

"ငါ့ခံစားချက်​ကိုငါ​ဖော်​ထုတ်​တာက..ဘယ်​​လောက်​​တောင်​များမှားသွားခဲ့လို့လဲ..ငါဘယ်​​လောက်​ဒုက္ခ​ရောက်​ခဲ့လဲဆိုတာ မင်းသိရဲ့လား"

Flash back start(မြတ်​သုတတို့7တန်းတုန်းကပါ)
အတန်းထဲကလူ​တွေကသူတို့သူငယ်​ချင်း​တွေနဲ့အုပ်​စုလိုက်​​ပျော်​​ပျော်​ရွှင်​ရွှင်စကား​ပြော​နေကြ​ပေမယ့်​..မြတ်​သုတကအမြဲတမ်းလိုလိုတစ်​​ယောက်​တည်း​ထောင့်​မှာကပ်​ပြီးစာအုပ်​ဖတ်​​နေတတ်​သည်​...ငယ်​ငယ်​ကတည်းကအဲ့လိုလူအများကြီးနဲ့​နေရတာထက်​စာရင်​တစ်​​ယောက်​တည်း​အေး​ဆေး​နေရတာကိုပိုပြီးသ​ဘောကျ၍သူငယ်​ချင်းလည်းမထားဖြစ်​...အတန်း​ဖော်​​တွေကလည်းသူတို့အုပ်​စုနဲ့သူတို့ရှိပြီးသားဖြစ်​၍မြတ်​သုတကိုစိတ်​မဝင်​စားကြ..ဒါ​ပေမယ့်​​ကျောင်းကိုမကြာခင်​ကမှ​ပြောင်းလာတဲ့​ကျောင်းသားသစ်​ ​ကောင်းကင်​ရိပ်​က​တော့ အတန်းထဲစဝင်​ကတည်းက မြတ်​သုတကိုသတိထားမိခဲ့သည်

"ငါဒီမှာထိုင်​လို့ရလား"

ကောင်းကင်​အသံကြား​တော့ မြတ်​သုတကစာအုပ်​ဖတ်​​နေရာက​နေ​မော့ကြည့်​ကာ ​ခေါင်းတချက်​ငြိမ့်​ပြသည်

"​ကျေးဇူး​နော်​"

ကောင်းကင်​ကလွယ်​အိတ်​ကိုခုံ​စောင်းထဲထည့်​ပြီးသည်​နဲ့ မြတ်​သုတဖက်​ကိုလှည့်​ကာမိတ်​ဆက်​သည်

"ငါ့နာမည်​က ​ကောင်းကင်​ရိပ်​..​ကျောင်းသားသစ်​ပါ..မင်းနဲ့သူငယ်​ချင်းလုပ်​လို့ရလား"

"ငါနဲ့သူငယ်​ချင်းလုပ်​ရင်​ပျင်းဖို့​ကောင်းမှာ​နော်​"

"ရတယ်​.."

"​ကောင်းပြီ​လေ..ဒါဆိုလည်းသူငယ်​ချင်းလုပ်​ကြတာ​ပေါ့..ငါ့နာမည်​ကမြတ်​သုတ"

Maung(Completed)Where stories live. Discover now