ဝတီ မျက်လုံးဖွင့်ဖွင့်ချင်းမှာ ပထမဆုံးသတိရလိုက်တာက ဦးသန်းထိုက်...သူ့ဘဝကိုဖျက်ဆီးခဲ့တဲ့လူယုတ်မာ
"....နိုးလာရင် အပေးယူလေးတခုလောက်လုပ်ကြရအောင်.."
အသံလာရာဆီကိုကြည့်လိုက်တော့ ဦးသန်းထိုက်ကနောက်မှီကုလားထိုင်ပေါ်မှာအေးဆေးထိုင်ကာ တစ်ဖက်တစ်ချက်မှာလည်းယောကျာၤးလေး2ယောက်ကမတ်တပ်ရပ်နေသည်
"ရှင်နဲ့ဘာအပေးယူလုပ်စရာမှမလိုဘူး..ရှင့်ကိုတရားစွဲပြီးထောင်ချပစ်မယ်..ဥပဒေဆိုတာအလကားထားထားတာမဟုတ်ဘူး..ရှင်လုပ်တာတွေအတွက်ရှင်ပြန်ခံရလိမ့်မယ်.."
"ဟက်...မင်းကြည့်ရတာအခုချိန်ထိအခြေနေကိုသဘောမပေါက်သေးပုံပဲ...အာကာသူ့ကိုပြလိုက်.."
ဦးသန်းထိုက်ကသူ့ဘေးနားမှရပ်နေတဲ့အာကာဆိုသောလူကို အမိန့်ပေးလိုက်တော့ ထိုလူက ဝတီလက်ထဲကို i padတစ်လုံးလာထည့်ပေးခဲ့သည် i padမှာပေါ်နေတာက မနေ့ညကအဖြစ်အပျက်တခုလုံးရဲ့videoပင်ဖြစ်သည် ဦးသန်းထိုက်မျက်နှာကိုတောင်သေချာမမြင်ရပေမယ့် ကုတင်ပေါ်ကမိန်းမကတော့ ဝတီဖြစ်ကြောင်းရှင်းရှင်းလင်းလင်းမြင်နေရသည်
"ရှင်..ယုတ်မာလှချည်လား ဦးသန်းထိုက်.."
"ဒီတော့ မင်းအခြေနေကိုသဘောပေါက်သွားပြီလား..မနေ့ညကကိစ္စကိုမင်းဖက်ကနေ တစ်ယောက်ယောက်ကိုပြောကြည့်လိုက်လေ ဒီvideoကိုဖြန့်ချပစ်လိုက်မယ်..မင်းရဲ့မိတ်ဆွေသူငယ်ချင်းတွေအပါဝင်မင်းရဲ့မောင်လေးကိုပါမပြောရဘူး..တကယ်လို့များ ဒီကိစ္စကိုမင်းအပြင်တခြားတစ်ယောက်ယောက်သိသွားခဲ့မယ်ဆိုရင် အဲ့လူအတွက်သေမင်းကိုမင်းကိုယ်တိုင်ဖိတ်ခေါ်ပေးလိုက်တာပဲ..."
"..............."
"မင်းဖက်ကနှူတ်လုံနေသ၍ဒီvideoကလည်းဘယ်မှမပြန့်ပဲ ငါ့လက်ထဲမှာရှိနေမှာ..နောက်တချက်က မင်းထွက်ပြေးတာတို့ဘာတို့လုပ်မယ်ဆိုရင်လည်း ဒီvideoကိုဖြန့်ချပစ်မယ့်အပြင် မင်းမောင်လေးမင်းသခင်ရဲ့အသက်ကိုလည်းအာမမခံဘူးနော်.."
"မောင်လေး....ဟင့်အင်း..မင်းမင်းကို ဘာမှမလုပ်ပါနဲ့...."
"ဒါတော့ မင်းရဲ့လုပ်ပုံကိုကြည့်ရမှာပဲ...ပြီးတော့ ငါ့ဆီကိုမနက်ဖြန်လာခဲ့..."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်