43

33.5K 2.5K 134
                                    

"ဘယ်ရောက်သွားတာလဲ...ခုနကတွေ့လိုက်ပါတယ်..."

လေပြေ သုတအနောက်လိုက်ရင်း လမ်းမှာအရေးပေါ်လူနာကိုတင်ထားတဲ့ကုတင်ကဖြတ်သွား၍ သုတကိုမျက်ခြေပြတ်သွားသည်

"ဒီဆေးရုံရဲ့တစ်နေရာရာမှာပဲရှိမှာပါ..."

......................

"သုတ..ပြန်လာပြီလား...အန်တီကတော့ပြန်သွားတယ် သူတူ့မရေမွှာပေါက်နေပြီလို့ ဖုန်းဆက်လို့.."

"ဟုတ်..အစ်ကို..ကောင်းကင် မင်းလည်းပြန်ချင်ပြန်လို့ရတယ်နော်...မင်းအလုပ်တွေကိုပစ်ပြီးဒီကိုလာပေးတာအားနာစရာကြီး.."

"ရပါတယ်...ငါ့အလုပ်တွေက သိပ်အရေးကြီးတာတွေမရှိလို့်ပါ.."

"...အော်..အွန်း...အစ်ကို အစာတခုခုစားမလား..."

"မစားသေးပါဘူး သုတရာ...ဒါနဲ့ အစ်ကိုတို့အိမ်ကော.."

"........အိမ်ကို ဘဏ်ကသိမ်းသွားပြီ...အစ်ကို..."

"....အကုန်လုံး အစ်ကို့အမှားတွေပါ..အစ်ကိုသာဒီထက်ပိုပြီးသတိထားခဲ့မယ်ဆိုရင် ဒါတွေဖြစ်မှာမဟုတ်ဘူး.."

"မဟုတ်ဘူး အစ်ကို့အမှားမဟုတ်ပါဘူး...ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့တော့ အစ်ကိုရယ်.."

"........အင်းပါ...အခုလောလောဆယ် သုတဘာမှမစားရသေးဘူးမလား..တခုခုစားလိုက်ပါလား.."

"ဟုတ်တယ် သုတ ငါဝယ်လာတဲ့ကြက်ဆီထမင်းစားလိုက်.."

ကောင်းကင်ကပြောတော့ မင်းမြတ်ကသူ့ညီနားကိုမကပ်နဲ့ဟူသောအကြည့်ဖြင့် ကောင်းကင်ကိုလှမ်းကြည့်သည် ကောင်းကင်ကလည်းမင်းမြတ်ရဲ့အကြည့်ကို ဂရုမစိုက်ပဲ ကြက်ဆီထမင်းဘူးကိုသုတဆီယူလာပေးသည်

"...အစ်ကို...ကောင်းကင်ကလူကောင်းတစ်ယောက်ပါ...အရင်ကသူမှားခဲ့တဲ့အမှားတွေအတွက် သုတကိုပြန်ပြီးတောင်းပန်ပြီးပြီ သုတခွင့်လွတ်ပါတယ်..အစ်ကိုလည်းကောင်းကင်ကိုခွင့်လွတ်လိုက်ပါနော် သူကသူငယ်ချင်းကောင်းတစ်ယောက်ပါ..ပြီးတော့ ကောင်းကင် မင်းလည်းငါ့အစ်ကို့အပေါ်အမုန်းတွေမထားပါနဲ့တော့ နော်ငါတောင်းဆိုပါတယ်.."

သုတပြောပေမယ့် 2ယောက်လုံးကဘာမှပြန်မပြောပဲ အသံတိတ်အကြည့်ချင်း စစ်တိုက်နေကြသည်

​Maung(Completed)Where stories live. Discover now