"....မင်းတို့ကပင်မဂိတ်ပေါက်မှာသွားရှာကြည့် တွေ့တာနဲ့ငါ့ကိုချက်ချင်းအကြောင်းကြား..."
"ဟုတ်ကဲ့ပါ..ဆရာ.."
ရဲတွေတစ်လမ်းစီခွဲပြီးထွက်သွားသည်နဲ့ ဦးသန်းထိုက်ပုန်းနေရာကနေထွက်လာခဲ့သည်
'တကယ်ပဲ ဘယ်ကောင်ငါ့ကိုအမှူဖွင့်ရဲတာလဲ...အာကာလည်းပျောက်နေတယ်ဆိုတော့ဒီကိစ္စကမရိုးတော့ဘူး..ဘာပဲဖြစ်ဖြစ်အခုတလောတော့ငါရှောင်နေမှဖြစ်မယ်'
......................"..ဘာဦးသန်းထိုက်ထွက်ပြေးသွားတယ်ဟုတ်လား..."
ကောင်းကင်ရဲ့စကားကြောင့်သခင်အံ့သြမိသည် တကယ်ပဲဦးသန်းထိုက်ကဉာဏ်နီဉာဏ်နက်များသလိုအပြေးလည်းမြန်တာပဲ..
"..ဟုတ်တယ်မင်းသခင်..သူကထွက်သာပြေးတာ ပိုက်ဆံတွေတော့ပါအောင်ယူသွားနိုင်သေးတယ် အာကာကိုလည်းမတွေ့ဘူးအဲ့ကောင်ကတော့ကြည့်ရတာ ငါတို့ဆီကပြန်ကတည်းကတခါတည်းထွက်ပြေးသွားတာဖြစ်မယ်.."
"အခုသူတို့မှအပြစ်ရှိတာထင်ရှားနေပြီဆိုတော့ မကြာခင်သူတို့ကိုပြန်ဖမ်းမိမှာပါ..ဒါပေမယ့်ငါစိတ်ပူတာက အဲ့လူကြီးသုတဖက်ကိုလှည့်လာမှာကိုပဲ..."
"......မင်းပြောတာဟုတ်တယ်မင်းသခင်သူကလွယ်လွယ်နဲ့တော့အရှူံးကိုလက်ခံမှာမဟုတ်ဘူး အမှူဖွင့်တဲ့လူကငါတို့ဆိုတာသူရိပ်မိလိမ့်မယ် ဒါဆိုကလဲ့စားချေဖို့အတွက်သုတဖက်လှည့်လာမှာပဲ..."
"...ငါသုတအနားမှာပဲနေမှဖြစ်မယ် သူ့ကိုဖမ်းမိမှသုတအတွက်ဘေးကင်းမယ်.."
".....အမြန်ဆုံးဖမ်းမိပါစေလို့ပဲမျော်လင့်တယ်..."
"အော်..ဒါနဲ့..ယောက်ဖအခန်းထဲမှာရှိတယ်ဝင်သွားလိုက်ဦး..မင်းကိုစောင့်နေတယ်ထင်တယ်.."
"ငါ့ကိုလား.."
"အင်း..မြန်မြန်ဝင်သွားလိုက်လေ.."
ကြောင်တောင်တောင်နဲ့အပေါ်ထပ်ကိုတက်သွားတဲ့ကောင်းကင်ကိုကြည့်ပြီးသခင်ရယ်မိသည်
'...သုတရေ..ယောက်ဖကိုတစ်ယောက်တည်းမနေသွားရအောင်မောင်အရောက်ပို့ပေးလိုက်ပြီနော်..'
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်