"လှလိုက်တာ..."
သုတ လေထဲမှာပျံ့လွင့်သွားတဲ့Dandelionတွေကိုငေးကြည့်နေမိသည် Dandelionလေးတွေထဲမှာတချိူ့က အပေါ်ကိုမြှောက်တက်သွားသည် တချိူ့ကတော့လေနဲ့အတူပန်းခြံအရှေ့ဖက်အပေါက်ဆီကိုလွင့်ထွက်သွားသည်
ပန်းခြံအရှေ့ဖက်ဆီပျံ့လွင့်နေတဲ့Dandelionလေးကိုကြည့်မိရင်း သုတမြင်ကွင်းထဲရောက်လာသူက မင်းသခင်ဖြစ်သည်"မင်းသခင်..."
သုတနှူတ်ကနေ မင်းသခင်နာမည်ကိုလွတ်ခနဲထွက်သွားမိပြီးမှ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ပဲ ပြန်ကြည့်ကြည့်သည် သူ့စိတ်ကြောင့်ပဲ မင်းသခင်ကိုမြင်ယောင်နေမိတာလား...မဟုတ်ဘူး ဒါသူမြင်ယောင်နေတာမဟုတ်ဘူး တကယ့်ကိုမင်းသခင်ပဲ
မင်းသခင်ကတော့သူ့ကိုမြင်သေးပုံမရပေ သုတချက်ချင်းပဲအသိဝင်လာတာက သူဒီနေရာကနေထွက်သွားရမယ်
်
......................"Dandelion...."
သခင် ပန်းခြံထဲကိုစစဝင်လာခါစမှာပဲ လေထဲပျံ့လွင့်လာတဲ့Dandelionတွေကိုသတိထားမိလိုက်သည် Dandelionလေးတပွင့်ကသူ့ရှေ့ကိုရောက်လာတော့ လက်နဲ့ခံယူထားလိုက်သည် လက်ထဲကDandelionလေးကိုကြည့်ရင်း ခပ်လှမ်းလှမ်းတစ်နေရာကနေ သူ့ကိုမြတ်သုတကြည့်နေသလို မြင်လိုက်မိသောကြောင့် ခုနကမြတ်သုတကိုမြင်လိုက်တဲ့နေရာကိုပြန်ကြည့်မိသည် ဘယ်သူမှရှိမနေပါလား သူမျက်စိမှားတာလား မဟုတ်သေးပါဘူး..သူသေချာပေါက်မြင်လိုက်တာပါ
သခင် ပန်းခြံထဲကိုဟိုကြည့်ဒီကြည့်ဖြင့် သုတကိုလိုက်ရှာမိသည်
......................"ပြန်ရအောင်..."
အန်တီနဲ့မင်းမြတ် စကားပြောနေစဉ် သုတကအနားကိုရောက်လာပြီး ပြန်ဖို့ပြောသည် သုတပုံကြည့်ရတာ လောနေသလိုပဲ
"ဘာဖြစ်တာလဲသုတ.."
"ဟင့်အင်း..ဘာမှမဖြစ်ဘူး..ပြန်ချင်နေပြီ.."
"အင်း..ဒါဆိုလည်းပြန်မယ်လေ.."
မင်းမြတ် သူ့ညီကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည် သုတပါးပြင်ပေါ်မှာမျက်ရည်တချိူ့ကမခြောက်သေးပဲရှိနေကာ မျက်ဝန်းထဲမှာလည်းမျက်ရည်တွေရစ်ဝဲနေဆဲပင် ငိုထားတဲ့အရှိန်ကြောင့် ပါးပြင်2ဖက်ကလည်းရဲတက်နေကာ နှာခေါင်းထိပ်နားလေးကလည်း နီရဲနေသည်

YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်