14

37.5K 3.4K 14
                                        

အန်​တီကဘာစကားမှမ​ပြော​လေ​လေသုတပိုပြီးမ​နေတတ်​​လေ​လေဖြစ်​ရသည်​..ဒါ​ကြောင့်​ကိုယ်​ကပဲအရင်​စကားစဖို့​ဆုံးဖြတ်​လိုက်​သည်

"အန်​တီ..တကယ်​​တော့​လေသားအပြင်​သွားတာက ကိစ္စ​လေးရှိလို့ပါ.."

ကျန်​တဲ့ပုံမှန်​အချိန်​​တွေမှာသာ သုတကစကား​ပြောရင်​ကျွန်​​တော်​လို့သုံးတတ်​​ပေမယ့်​ အားငယ်​​နေတဲ့အချိန်​​တွေ တခုခုအပြစ်​လုပ်​ထားတဲ့အချိန်​မျိုး​တွေဆိုရင်​​တော့ သားလို့ပဲသုံးတတ်​သည်

"အန်​တီလည်းသားကိုမဆူချင်​ပါဘူးကွယ်​..ဒါ​ပေမယ့်​အန်​တီကို​တော့မဖုံးကွယ်​ထားသင့်​ဘူးမလား.."

"အန်​တီခွင့်​မပြုမှာဆိုးလို့ပါ...ပြီး​တော့..အစ်​ကိုသိသွားမှာလည်း​ကြောက်​တယ်​.."

"....သားအခုဘယ်​ကပြန်​လာတာလဲ...အန်​တီကို​ပြော.."

"​ပြောပြမယ်​ သားကိုမဆူဘူး..ပြီး​တော့အစ်​ကို့ကိုလည်းသွားမတိုင်​ပါဘူးလို့ကတိ​ပေး..."

"​​ကောင်းပါပြီကွယ်​...အန်​တီကတိ​ပေးတယ်​ ဟုတ်​ပြီလား.."

"တကယ်​​တော့​လေ..သားနဲ့မင်းသခင်​ အပြင်​သွားတုန်းက ပုံ​တွေကို​ကောင်းကင်​ကvideoရိုက်​ထားပြီးသားဆီပို့လာတယ်​.."

"​ကောင်းကင်​?..​ကောင်းကင်​ဆိုတာဟို 7တန်းတုန်းက​ကောင်​​လေးလား.."

"ဟုတ်​အန်​တီ..သူကသားကိုစား​သောက်​ဆိုင်​တစ်​ဆိုင်​ဆီချိန်းတယ်​..သားလည်းအဲ့videoကိစ္စအစ်​ကိုသိမှာ​ကြောက်​တာနဲ့သူ့ကိုဆွေး​နွေးဖို့သွားတာ.."

သုတဒီ​​လောက်​ပဲ​ပြောပြသင့်​တယ်​လို့ထင်​သည်​ ​ကောင်းကင်​ကသူ့ကိုမတရားကြံဖို့ကြိုးစားတယ်​ဆိုတာသာ အန်​တီသိသွားရင်​စိတ်​ပူသွားလိမ့်​မယ်​..အဲ့လိုဆိုအန်​တီလည်းအစ်​ကို့ကို​ပြောပြမှာပဲ..အစ်​ကိုသာသိသွားရင်​ ပြသနာ​တွေကမီးခိုးကြွက်​​လျောက်​လိုက်​ပြီး မင်းသခင်​ကိစ္စ​တွေပါသိသွားရင်​ အကုန်သွားပြီပဲ...

"ဖြစ်​မှဖြစ်​ရ​လေက​လေးရယ်​...အခု​ရော​ပြေလည်​သွားပြီလား.."

Maung(Completed)Where stories live. Discover now