တကယ်ပါ မောင့်ရဲ့ သုတကိုမချစ်ဘူးဆိုတဲ့အဖြေကိုကြားလိုက်ရတဲ့အချိန်မှာ ကမ္ဘာပျက်သွားသလိုပဲ ရင်ထဲကအရမ်းနာကျင်ရတယ် သေမတတ်ပဲ မောင်ဆက်ပြောမယ့်စကားတွေကိုနားထောင်နိုင်စွမ်းမရှိတော့တာမို့ မနည်းအားတင်းပြီး အဲ့နေရာကနေထွက်လာဖို့ကြိုးစားခဲ့တယ် ဖြစ်နိုင်ရင်အဲ့နေရာမှာပဲထိုင်ပြီးငိုကြွေးပစ်လိုက်ချင်တယ် တစ်ကိုယ်လုံးလည်းအားမရှိတော့ပဲလေထဲမှာရောက်နေသလိုပဲ မျက်လုံးတွေကဖွင့်ထားပေမယ့်လည်းဘာကိုမှမမြင်နိုင်တော့သလိုဖြစ်နေခဲ့တယ် စိတ်နဲ့လူမကပ်ပဲလမ်းလျောက်နေတဲ့အချိန်မှာ သန့်ရှင်းရေးဦးလေးကြီးနဲ့တိုက်မိပြီး အဲ့ဦးလေးကြီးရဲ့လက်မှာကိုင်ထားတဲ့ပစ္စည်းတွေပြုတ်ကျကုန်သည် ပြန်ကောက်ပေးမလို့ပြင်လိုက်ပေမယ့်
"ရတယ်..သား..ဦးလေးပဲကောက်လိုက်မယ် သားအဆင်မပြေဘူးမလား. "
အဲ့နေရာမှာသန့်ရှင်းရေးလုပ်နေတဲ့ဦးလေးကြီးကလည်း သခင်နဲ့ကောင်းကင်ပြောတာကိုကြားပြီးသုတရဲ့အဖြစ်ကိုရိပ်မိနေသလိုပင်
သုတဘာမှဆက်မပြောနိုင်တော့ပဲအဲ့နေရာကနေပြေးထွက်လာခဲ့လိုက်တော့သည် အဆင်မပြေဘူး ရင်ထဲကနေတဆစ်ဆစ်နာကျင်နေတယ် အရမ်းငိုချင်နေပေမယ့်ဘာမှမဖြစ်သလိုပဲနေခဲ့တယ် အစ်ကိုကနေမကောင်းဘူးလားတဲ့မေးတယ် ဘယ်လိုဖြေရမလဲအစ်ကိုရယ် အစ်ကိုသိပ်ချစ်ရတဲ့ညီက အစ်ကို့ရန်သူကြောင့်နာကျင်နေရပါတယ်လို့
အိမ်ကိုပြန်လာတော့လည်းအခန်းတံခါးပိတ်ပြီးတစ်ယောက်တည်းငိုနေခဲ့တာဘယ်သူသိနိုင်မလဲ အခုဘယ်လိုလုပ်ရမှာလဲ..အဲ့တုန်းကသူများတွေလုပ်သလိုမျိုး မောင့်ရှေ့ကိုသွားပြီး ဘာလို့ဒီလိုလုပ်ရက်ရတာလဲ အရမ်းမုန်းတယ်ဆိုပြီး မောင့်ကိုအပြစ်သွားတင်ရမှာလား ဟင့်အင်း အဲ့လိုလည်းသူမလုပ်ရက်ဘူး ကိုယ့်ကိုနာကျင်စေတဲ့သူကိုဆွဲမထားသင့်ဘူးလွတ်ပေးလိုက်သင့်တယ်တဲ့ ဒါပေမယ့်အဲ့လိုလွတ်ပေးလိုက်ဖို့မပြောနဲ့ မောင်နဲ့ဝေးသွားရင်ဆိုတဲ့အတွေးကတောင် နှလုံးသားကိုဖြည်းဖြည်းချင်းဓားနဲ့ထိုးသွင်းနေသလိုပဲ နာကျင်နေရတာ ဘယ်လိုလွတ်ပေးရက်မှာလဲ မောင်ရယ်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်