37

33K 2.4K 28
                                        

"ကိုကို​ရေ...."

လေ​ပြေ ကိုကို့ကို​တွေ့ဖို့ အခန်းထဲဝင်​လာ​ပေမယ့်​ ဘယ်​သူမှရှိမ​နေ

"ဘယ်​​ရောက်​သွားတာလဲ...အပြင်​များထွက်​သွားတာလား...ကားကလည်းအိမ်​မှာပဲရှိတာပါ.."

ကလင်​ကလင်​📱
လေ​ပြေ ပြန်​ထွက်​ဖို့ပြင်​လိုက်​​ပေမယ့်​ စာကြည့်​စားပွဲ​ပေါ်မှာတင်​ထားတဲ့ သခင့်​ဖုန်းသံ​ကြောင့်​ ဖုန်းကိုလှမ်းကြည့်​မိလိုက်​သည်​ Contact nameမှာ​ပေါ်​နေတာ​က သုတဆိုတဲ့နာမည်​​လေး

'သုတ သုတ...ငါရင်းရင်းနှီးနှီးကြားဖူးပါတယ်​..'

ရင်းရင်းနှီးနှီး ကြားဖူးသလိုရှိတဲ့နာမည်​​ကြောင့်​ ဦး​နှောက်​ကိုအလုပ်​​ပေးလိုက်​​တော့ သူUSမှာ ကိုကို့သတင်း​တွေစုံစမ်းခိုင်းတုန်းက ကိုကိုနဲ့အတူတွဲ​​တွေ့​နေရတဲ့​ကောင်​​လေးပဲ ကိုကိုရဲ့​ကောင်​​လေး ဆိုတဲ့တစ်​​ယောက်​မလား ဒါဆိုကိုကို့ရန်​သူမင်းမြတ်​သီဟရဲ့ညီ​ပေါ့

ခေါင်းထဲဝင်​လာတဲ့အကြံတခု​ကြောင့်​တုံ့ဆို်​င်းခြင်းမရှိပဲဖုန်းကိုကိုင်​လိုက်​သည်

"​မောင်​လား..."

"....​မောင်​ကဘယ်​သူလဲ.."

သုတ ​​မောင်​နဲ့စကား​ပြောဖို့ ဖုန်းဆက်​လိုက်​​ပေမယ့်​ တဖက်​ကဖုန်းကိုင်​လိုက်​တဲ့သူက ​မောင်​မဟုတ်​ပဲ မိန်းက​လေးတစ်​​ယောက်​အသံဖြစ်​​နေ၍ အံ့သြသွားသည်

"ဘယ်​သူလဲ မင်းသခင်​နဲ့​ပြောချင်​လို့ပါ.."

"​အော်​...ကိုကိုလား ကိုကိုမအားဘူး..."

"........ဒါဆို ​နောက်​မှပြန်​ဆက်​လိုက်​မယ်​​နော်​..

"​နေဦး...​လေ​ပြေ​ပြောစရာရှိလို့ ကိုကိုနဲ့ရှင်​ကဘယ်​လိုပဲပတ်​သက်​​နေပါ​စေ အခုချိန်​ကစပြီးကိုကိုနဲ့မပတ်​သတ်​​တော့ရင်​​ကောင်းမယ်​ "

လေ​ပြေ ကိုယ်​​ပြောချင်​တာကို​ပြောပြီးသည်​နဲ့ဖုန်းကိုချပစ်​လိုက်​ကာ မျက်​နှာထက်​မှာလည်းDevil smile တခုဖြစ်​​ပေါ်လာသည်​ ထို့​နောက်​ဖုန်း​ပြောထားတဲ့မှတ်​တမ်းကိုဖျက်​ပစ်​လိုက်​ပြီးဖုန်းကို​နေရာတကျပြန်​ထားကာ အခန်းပြင်​ပြန်​ထွက်​သွားသည်
......................
'ကိုကို...?..'

Maung(Completed)Where stories live. Discover now