သခင်တို့အခန်းထဲဝင်သွားတော့ သုတကကုတင်ပေါ်မှာအနှီးနဲ့ထုပ်ထားတဲ့ကလေးလေးကိုပွေ့ချီထားလေသည် မျက်နှာကနွမ်းနှယ်နေပေမယ့်သားကိုကြည့်ကာပြုံးနေတဲ့အပြုံးကမိဘမေတ္တာကိုခံစားမိစေသည်
"....သုတ..."
"မောင်...ကြည့်ပါဦး သားလေးကမောင်နဲ့တူလိုက်တာ.."
သုတပေးတဲ့ကလေးကိုသခင်မရဲတရဲနဲ့ချီကြည့်မိသည် မျက်လုံးလေးကသူနဲ့တူနေပြီးနှူတ်ခမ်းရဲရဲလေးကသုတနဲ့ချွတ်စွပ်ပင်ဖြစ်သည် သခင့်စိတ်ထဲတွင်အရမ်းပျော်ရွှင်နေရသောကြောင့်ဝမ်းသာမျက်ရည်ပင်ကျလာသည်
"....သားလေးကချစ်ဖို့ကောင်းလိုက်တာသုတရယ်.."
သခင်ကသားလေးကိုသုတလက်ထဲပြန်ထည့့်ပေးသည်
".....ချစ်ဖို့ကောင်းမှာပေါ့..ငါ့ညီမွေးထားတဲ့ကလေးလေ.."
"....အင်း..ဟုတ်တယ်မင်းမြတ်...ခင်ဗျားတို့ကမျိူးရိုးနဲ့လိုက်ပြီးချစ်ဖို့ကောင်းတာဖြစ်ရမယ်..ခင်ဗျားကလည်းချစ်ဖို့...အာ့..."
ကောင်းကင်ဆက်ပြောမလို့လုပ်ပေမယ့် မင်းမြတ်ရဲ့လက်ကသူ့ဗိုက်ကိုမသိမသာလာလိမ်ဆွဲသောကြောင့်ရပ်တန့်သွားရသည်
"...ကလေးတွေရှေ့မှာလေ အပြောအဆိုဆင်ခြင် မင်းမရှက်ပေမယ့်ငါရှက်တယ်.."
မင်းမြတ်ကကောင်းကင်အနားကပ်ကာတိုးပြီးပြောတော့ကောင်းကင်ပြုံးမိသည် လူပျိူကြီးကလည်းတအားရှက်တတ်တာပဲ
"...ကြည့်ပါဦး..သုတလေး အန်တီဖြင့်စိတ်ပူလိုက်ရတာ ကလေးကောမိခင်ပါနေကောင်းလို့တော်သေးတယ်.."
အကုန်လုံးရဲ့ဝိုင်းပြီးဂရုစိုက်ပေးမှူကြောင့်သုတရင်ထဲနွေးထွေးသလိုခံစားရသည် သားလေးကိုကြည့်ကာနို့တိုက်ချင်ပေမယ့်အကုန်လုံးရှေ့မှာတိုက်ဖို့ကိုသုတရှက်နေမိသည် မွေးရာပါသားအိမ်ပါတဲ့အတွက်ကလေးကိုနို့လည်းတိုက်ကျွေးနိုင်တယ်လို့အိုဂျီကသေချာရှင်းပြထားပြီးသားဖြစ်သည် မဖြူကကလေးမွေးဖူးသူပီပီသုတကိုနားလည်သောကြောင့်
"...အန်တီ အပြင်သွားပြီးသုတအတွက်အသီးလေးဘာလေးသွားဝယ်ရအောင်လေ.."
![](https://img.wattpad.com/cover/235167944-288-k181697.jpg)
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်