"သုတ.."
"ရှူး...သားသားအိပ်နေတယ်..အခန်းပြင်ရောက်မှပြော.."
သုတက သခင်ကိုတိုးတိုးနေဆိုသည့်သဘောနဲ့ နှူတ်ခမ်းနားကိုလက်ညိုးလေးထောင်ပြပြီးနောက် သခင့်လက်ကိုဆွဲကာအခန်းပြင်ထွက်သွားလေသည်
"....ဘာပြောမို့လဲ..."
"မောင်တို့လက်ထပ်ရအောင်လား..."
"...ဟင်.."
".....မောင်...သုတနဲ့အတူတူနေချင်နေပြီ.."
"ဘာလို့လဲ.."
"...သုတနဲ့မိသားစုလေးတစ်ခုကိုထူထောင်ချင်တယ်..မနက်မိုးလင်းလာရင်လည်းမောင့်ဘေးမှာအိပ်နေမယ့်သုတကိုမြင်ချင်တယ် သုတနဲ့မနက်စာအတူတူစားချင်တယ် ကလေးတွေထိန်းပြီးပျော်စရာနေရာတွေကိုလျောက်လည်ချင်တယ်....သုတပျော်နေတာလေးကိုမြင်ချင်တယ်...ပြီးတော့မောင်တို့ကလေးလေးကိုလည်းကောင်းကောင်းကြီးပြင်းလာအောင်ပြုစုပျိူးထောင်ကြမယ်...အသက်တွေကြီးလာတဲ့အခါ တောင်ကုန်းလေးတစ်ကုန်းပေါ်မှာသုတနဲ့အတူနေဝင်ချိန်အလှတွေကိုကြည့်ကြမယ်..မောင့်ဘဝတခုလုံးကိုသုတနဲ့အတူနေသွားချင်တယ်.."
"..........."
သခင့်စကားတွေကြားပြီးသုတရင်ထဲမှာကြည်နူးပြီးဝမ်းသာမိသောကြောင့်မျက်ရည်ပါကျလာသည်
"...သုတ!...မောင်ဘာလုပ်မိလ်ု့ိလဲ...မငိုပါနဲ့..."
သုတငိုတာမြင်တော့ သခင်ယောက်ယတ်ခတ်သွားမိကာ သုတပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးရှာသည်
"....ဟင့်...ငါမင်းကိုမချစ်ချင်ဘူး...မချစ်ချင်သေးဘူး...ဘာလို့ငါ့ကိုရှူးအောင်လုပ်နေရတာလဲ.."
"...ဟမ်..."
"...ဘာလို့လဲ....အဟင့်..ဟင့်..စချစ်တုန်းကလည်းငါပဲအကြာကြီးခံစားခဲ့ရတယ်...မင်းနဲ့ဝေးနေတုန်းကလည်းငါပဲခံစားခဲ့ရတယ်...မင်းကျတော့ဘာလို့လဲ..ဘာလို့အချိန်တိုလေးအတွင်းမှာငါ မင်းကိုပြန်ချစ်လာအောင်လုပ်နိုင်ရတာလဲ..ဟင့်..မင်းကျတော့အကြာကြီးမခံစားရဘူး...အဟင့်..အီး...ဟင့်.."
"....မောင့်သုတလေးက..ဒါကြောင့်ငိုနေတာလား....မောင့်ကိုကြည့်ပါဦး..."
![](https://img.wattpad.com/cover/235167944-288-k181697.jpg)
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်