သခင် သုတကိုပွေ့ချီပြီ အပေါ်ထပ်ကအခန်းထဲသို့ဝင်လာလိုက်သည် သုတကြည့်ရတာအတော်လေးအိပ်မောကျနေပုံပဲ
သခင် သုတကိုကုတင်ပေါ်ချပေးကာ စောင်ခြုံပေးလိုက်ပြီး ဘေးနားမှာရပ်ကြည့်နေမိသည်
'ဘာလို့..ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲသုတရာ..'
သုတမျက်နှာလေးကိုအသေးစိတ်လိုက်ငေးကြည့်ရင်း နီထွေးထွေးနှူတ်ခမ်းလေးဆီအကြည့်ရောက်သွားမိတော့ သခင်ကိုယ့်ကိုကိုယ်တောင်မလုံနိုင်ဖြစ်ရသည် အဲ့နှူတ်ခမ်းလေးကိုဆွဲကိုက်ပစ်ချင်လိုက်တာ
သခင် သုတနားကိုတဖြည်းဖြည်းတိုးကပ်သွာကာနှူတ်ခမ်းလေးကိုနမ်းဖို့ပြင်လိုက်ပေမယ့် ရပ်တန့်သွားပြီး ပါးဖောင်းဖောင်းလေးထဲကိုပဲနှာခေါင်းချွန်ချွန်နစ်ဝင်သွားတဲ့အထိနမ်းပစ်လိုက်သည် နှူတ်ခမ်းလေးကတော့သုတကိုယ်တိုင်ကြည်ကြည်ဖြူဖြူခွင့်ပြုတဲ့နေ့မှပဲ အပိုင်သိမ်းလိုက်တော့မယ်
"...မောင်သွားတော့မယ်နော်..မနက်ဖြန် ပြန်လာခဲ့မယ်..အိမ်မက်လှလှမက်ပါစေ..မောင့်ရဲ့သုတလေး..."
သခင် သုတကိုကြည့်နေရင်းနဲ့သူပဲစိတ်ထင်နေလို့လားမသိ သုတမျက်နှာကရဲတက်လာသလိုပဲ..အထူးသဖြင့် ပါးလေးနှစ်ဖက်ပင်
နာရီကိုကြည့်လိုက်တော့ ညကိုးနာရီထိုးတော့မည်ဖြစ်သောကြောင့် သခင်အိမ်ပြန်ဖို့လုပ်ရသည် လေပြေကိုသုတကိစ္စနဲ့ပတ်သက်ပြီးပြောရဦးမယ်
သခင်အခန်းထဲကထွက်သွားတာနဲ့ သုတထ ထိုင်လိုက်သည် ပြီးတော့တံခါးဖက်ကိုလှည့်ကြည့်ကာ
"..သွားပြီထင်တယ်.."
အမှန်တော့ သုတအိပ်ပျော်သွားပေမယ့် သခင်သူ့ကိုပွေ့ချီပြီးအခန်းထဲခေါ်လာကတည်းကနိုးသွားတာဖြစ်သည် ကုတင်ပေါ်ချပြီးသွားသည်နဲ့တိတ်ဆိတ်သွား၍ သခင်ပြန်ထွက်သွားပြီအထင်နဲ့မျက်လုံးဖွင့်ဖို့လုပ်လိုက်ပေမယ့် ပါးပေါ်ကိုကျရောက်လာတဲ့အနွေးဓာတ်ကြောင့် သုတလန့်သွားမိသည် သခင်ကသူ့ကိုနမ်းနေတာပဲ ရင်တွေခုန်လွန်းလို့ချွေးတောင်ပြန်ချင်လာသည် သခင်အခန်းထဲကထွက်သွားတာသေချာမှပဲစိတ်အေးနိုင်တော့သည်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်