ဓာတ်ပုံတွေကိုကြည့်ပြီး အံ့သြ သွားတဲ့ဝေယံကြောင့် ဓာတ်ပုံရိုက်လာတဲ့လူတွေကြောင်ကုန်လေသည်
"ဘာဖြစ်လို့လဲ....အဲ့တစ်ယောက်ကိုသိလို့လား.."
ဓာတ်ပုံရိုက်တဲ့သူတွေက ဝေယံခိုင်းထားတဲ့သူတွေဖြစ်၍ မင်းမြတ်သီဟကိုမတွေ့ဖူးသလို သုတကိုလည်းမင်းမြတ်သီဟရဲ့ညီမှန်းမသိကြပေ သူတို့သိတာက မင်းမြတ်သီဟကဝေယံကနေတစ်ဆင့် မင်းသခင်နောက်ကိုလို်က်ခိုင်းကာဓာတ်ပုံရိုက်ခိုင်းသည် လို့်ပဲသိကြသည်
"မသိပါဘူး...မင်းတို့တော်တယ်..ရော့ဒီမှာ မင်းတို့အတွက်လုပ်အားခ.."
"ဘောက်ဆူးကော.."
"ထည့်ထားပြီးသား.."
"သွားတော့မယ်နော် ကျေးဇူးတင်ပါတယ် ကိုဝေယံ.."
"အင်း..နေဦး...မင်းတို့ဒီကိစ္စကိုဘယ်သူ့ကိုမှလျောက်မပြောနဲ့.."
"ဘာကိုလဲ.."
"မင်းသခင်နောက်ကို ငါတို့စောင့်ကြည့်နေတယ်ဆိုတာ.."
"အော်..အဲ့ဒါတော့စိတ်ချဗျာ...ကျွန်တော်တို့ကနှူတ်လုံတယ်.."
ခိုင်းထားတဲ့လူတွေထွက်သွားတော့မှ ဝေယံ ဓာတ်ပုံတွေကိုသေချာပြန်ကြည့်မိသည်
"တကယ့်ကို..သခင်လေးသုတပါပဲလား...မင်းသခင်က သခင်လေးကိုချဉ်းကပ်ဖို့အတွက် သခင်လေးသုတကို သားကောင်အနေနဲ့အသုံးချလိုက်တာပဲ...ငါဒီကိစ္စကိုနောက်မကျခင် သခင်လေးဆီတင်ပြရမယ်
.....................
သခင်ကသုတကိုသူ့ကားပေါ်ခေါ်တင်လာကာ lover seatမှာထိုင်စေသည်"သုတ..အဆင်ပြေရဲ့လား.."
"ဟင့်အင်း...ခြေထောက်..ခြေကျင်းဝတ်နားကအရမ်းနာနေတယ်...လှူပ်လိုက်ရင်အရမ်းနာတယ်.."
"မောင် ကြည့်ပေးမယ်.."
သခင် ကြည့်လိုက်တော့ သုတခြေကျင်းဝတ်နားကယောင်နေလေသည် ကြည့်ရတာခြေကျင်းဝတ်လည်သွားတာဖြစ်မည်
ESTÁS LEYENDO
Maung(Completed)
Ficción Generalမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်