25

32.7K 2.5K 60
                                    

(A.N-ဒီ​နေ့2ပိုင်uးpတာ​နော်​ အ​ပေါ်မှာ1ပိုင်းရှိ​သေးတယ်​ ​ကျော်​သွားမှာဆိုးလို့ 😁)

"မင်းသခင်​.."

မင်းသခင်​က စီးပွားရှင်​တစ်​ချို့နဲ့စကား​ပြော​နေရာမှ မင်းမြတ်​သီဟ​ခေါ်သံကြား၍လှည့်​ကြည့်​သည်

"မင်းမြတ်​သီဟ​တွေ့ရတာဝမ်းသာပါတယ်​.."

"ငါက​တော့မင်းကို​တွေ့ရတာဝမ်းမသာဘူးမင်းသခင်​. "

"​အော်​ ရတယ်​​လေ..ကြည့်​ရတာခင်​ဗျားအရှူံးကိုလက်​မခံနို်​​င်​​သေးတဲ့ပုံပဲ.."

မင်းမြတ်​သီဟ နဲ့မင်းသခင်​တို့ရဲ့တင်းမာ​နေတဲ့အ​ခြေ​နေကိုခန့်​မှန်းမိတာ​ကြောင့်​ စကား​ပြော​နေတဲ့လူအချို့လည်းအနားက​နေဖယ်​​ပေးသွားကြသည်

"မင်းက​ခံစားချက်​ကိုအရမ်းအလိုလိုက်​လွန်းတယ်​မင်းသခင်​...မင်းအဲ့​မြေကွက်​ကိုရ​တော့​ရောဘာ​တွေများအကျိုးရှိသွားတာမို့လို့လဲ.."

"အဟက်​ ဟားဟားဟားဟား ရှိတာ​ပေါ့ အကျိုးအ​နေနဲ့ ခင်​ဗျားရဲ့အခုလိုမျိုး​သွေးပျက်​​နေတဲ့မျက်​နှာကိုမြင်​လိုက်​ရတာ​လေ.."

"မင်းငါ့ကိုဝတီကိစ္စနဲ့ပတ်​သက်​ပြီးမ​ကျေနပ်​တာသိတယ်​.."

"မ​ပြောနဲ့ ခင်​ဗျားပါးစပ်​က​နေ မမနာမည်​ကို​ခေါ်ဖို့မတန်​ဘူး.."

"​တောက်​..မင်း.."

"ဘာလဲ အရင်​တုန်းကလို ခင်​ဗျားရဲ့အာဏာသုံးပြီး ကျွန်​​တော်​ကိုဒီက​နေဆွဲထုတ်​ခို်​င်းဦးမှာလား..လုပ်​လိုက်​​လေ ဒီတခါ​တော့ထွက်​သွားရမယ့်​လူကကျွန်​​တော်​မဟုတ်​ဘူး..ခင်​ဗျားပဲ မင်းမြတ်​သီဟ"

"မင်း..."

"သခင်​​လေး သွားရ​အောင်​.."

"​ကောင်းပြီ မင်းသခင်​မင်း​သေချာမှတ်​ထားလိုက်​ ငါဒီ​လောကမှာကျင်​လည်​​နေတာကြာပြီ မင်းကမ​နေ့တစ်​​နေ့​လောက်​ကမှဒီ​လောကထဲကို​ရောက်​လာတာပါ..​မင်းပြန်​ပြုတ်​ကျလိမ့်​မယ်​.."

မင်းမြတ်​သီဟကကြိမ်းဝါးပြီးထွက်​သွားသည်

"မင်းသခင်​ ငါတို့စကားခဏ​လောက်​​ပြောရ​အောင်​.."

Maung(Completed)Where stories live. Discover now