6လကြာပြီးနောက်
".....သုတ အိပ်မပျော်ဘူးလား..."
"အင်း...အာ့..."
သုတကအိပ်ရာကနေထပြီးမျက်နှာမကောင်းသောကြောင့် သခင်စိတ်ပူလာရသည် ကိုယ်ဝန်ကအခုဆိုကိုးလထဲကိုရောက်နေပြီ မကြာခင်မွေးတော့မှာမို့အစစအရာရာသေချာဂရုစိုက်ပေးရသည်
နာရီကိုကြည့်လိုက်တော့ ည11နာရီထိုးတော့မည်
"...သုတ ဗိုက်နာလို့လား...မွေးတော့မှာလား..မောင်ဆေးရုံခေါ်သွားပေးမယ်..အရမ်းနာနေပြီလား.."
"...မ..မဟုတ်ပါဘူး..မောင့်သားကအရမ်းဆော့နေတယ်.."
အာထရာဆောင်းလည်းရိုက်ပြီးပြီဖြစ်သောကြောင့် ယောကျာၤးလေးမှန်းသိခဲ့ရသည် သခင်ဆို သုတဗိုက်ထဲမှာလှူပ်ရှားနေတဲ့ကလေးပုံလေးကိုမြင်ပြီးကတည်းကအသည်းတယားယားနဲ့ပင်
"....သားကအရမ်းဆော့နေတာလား.."
သုတက သခင်လက်ကိုကိုင်ကာသူ့ဗိုက်လေးကိုထိစေသည် အထဲကနေလှူပ်ရှားနေတဲ့ကလေးလေးကြောင့် သခင်ပြုံးမိသည် သားကအရမ်းဆော့နေတာပဲ သုတနာနေတော့မယ်..
"...တွေ့လား...မောင့်သားကဘောလုံးကန်ရတာဝါသနာပါလားမသိဘူး...အရမ်းကန်နေ..အာ့..ကန်ပြန်ပြီ.."
"....ဒယ်ဒီသားလေးရေ...အရမ်းမဆော့နဲ့လေကွာ..သားဖေဖေနာနေပြီ..လိမ္မာတယ်ဟုတ်ပြီလား..ငြိမ်ငြိမ်နေနော်.."
သခင်က သုတဗိုက်နားကိုကပ်ပြောကာ လှူပ်ရှားနေတဲ့နေရာကိုဖွဖွလေးလက်နဲ့ပွတ်ပေးလိုက်တော့ ဖြည်းဖြည်းချင်းငြိမ်ကျသွားသည်
"....သားလေးငြိမ်သွားပြီ...မောင့်သားကမောင်ပြောတာကိုနားလည်တယ်ထင်တယ်.."
"...ဒါပေါ့..အခုသုတမနာတော့ဘူးမလား.."
"ဟုတ်.."
"အိပ်ကြရအောင်နော်..."
သခင်ကသုတကို ရင်ခွင်ထဲထည့်ကာဖက်အိပ်လေသည် ဗိုက်လုံးလုံးလေးခံနေသောကြောင့်အရမ်းလည်းဖက်လို့မရပဲဖွဖွလေးဖက်ရသည်
......................."....တောက်...ခွေးကောင် အာကာသစ္စာဖောက်ကောင်.မိလို့ကတော့အသေသတ်ပြီးပင်လယ်ထဲပစ်ချပစ်မယ်.."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်