47

35.2K 2.4K 41
                                    

".....အဲ့မှာ...အဲ့ဒါ မင်းမြတ်သီဟရဲ့ကားမလား.."

"ဟုတ်တယ်..."

အခု သခင်နဲ့ကောင်းကင်တို့ ကားပါကင်ကိုရောက်နေတာဖြစ်ပြီး ကားပိုင်ရှင်တစ်ယောက်ရဲ့black boxကိုအကူညီတောင်းပြီးစစ်ကြည့့်နေတာဖြစ်သည်

Black boxအကူညီနဲ့ မင်းမြတ်ကားအက်စီးဒန့်ဖြစ်တဲ့နေ့က ကားနားကိုဘယ်သူကပ်လာသေးလဲဆိုတာအကုန်လုံးမြင်ရသည်

Videoထဲမှာပေါ်လာသူက ဝေယံဖြစ်သည် ဝေယံကကားကိုစစ်ဆေးကြည့်နေလေသည် ခဏအကြာဝေယံပြန်ထွက်သွားပြီးမကြာခင် ကားနားကိုကပ်လာတဲ့မသကာၤစရာလူတစ်ယောက်

"အဲ့လူဖြစ်မယ် မင်းသခင်.."

"...ဟုတ်တယ်.."

ကောင်းကင်ထင်ထားတဲ့အတိုင်းပင် ထိုလူက မင်းမြတ်ကားကိုတခုခုဖျက်ဆီးပစ်နေသည် ခက်တာကထိုလူရဲ့မျက်နှာကိုသေချာမမြင်ရပေ သူကmaskတပ်ထားတဲ့အပြင်မျက်မှန်အနက်လည်းဝတ်ထားသည် တစ်ကိုယ်လုံးမှာလည်းall blackနဲ့ပင်ဖြစ်သည်

".....ကျစ်...ကြည့်ရတာသူကအစကတည်းက မင်းမြတ်သီဟကို သတ်ဖို့ကြိုတင်ကြံစည်လာခဲ့တာပဲ...ဒါပေမယ့်သူကဘယ်သူလဲ..ငါတို့မှမျက်နှာမမြင်ရတာ.."

"ခဏလေး...အနောက်နားနည်းနည်းပြန်ရစ်ကြည့် ကောင်းကင်ရိပ်..."

ကောင်းကင်က သခင်ပြောတဲ့အတိုင်းvideoကိုအနောက်နည်းနည်းပြန်ရစ်ကြည့်သည်

"မင်းတွေ့လား.."

"ဘာကိုလဲ.."

"အဲ့လူက ဘယ်သန်ပဲ...ပြီးတော့ သူ့ဂုတ်ပိုးနားကပေါ်နေတဲ့တက်တူးကိုတွေ့လား.."

"အင်း...ရေးတေးတေးပဲမြင်ရတယ် ဒါပေမယ့်ငှက်တစ်ကောင်ကောင်ပုံပဲ.."

"သိမ်းငှက်ပုံ...."

"ဟုတ်တယ်...မင်းသခင်..မင်းတော်တော်မျက်စိလျင်တာပဲ...ငါတောင်သတိမထားမိဘူး အဲ့လူကဘယ်သန်ဆိုတာ.."

"....ဒီလောက်မှမလျင်ရင် ဒီနေ့ဒီအချိန် စီးပွားရေးလောကမှာ မင်းသခင်ဆိုပြီးရပ်တည်နိုင်မှာမဟုတ်ဘူး.."

"ဟုတ်ပါတယ်..မင်းရဲ့အရည်ချင်းနဲ့ပတ်သက်ပြီး ငါမင်းကိုတကယ်အထင်ကြီးတယ်.."

​Maung(Completed)Where stories live. Discover now