" သုတ ငါသွားတော့မယ် ဧည့်သည်တွေနဲ့ချိန်းထားတာကြိုပြင်ဆင်ရဦးမယ်.."
"အင်း..နှာခေါင်းကောအဆင်ပြေရဲ့လား..."
"နာတာသက်သာပေမယ့် ရောင်နေတုန်းပဲ..."
"...ဧည့်သည်တွေ့လို့အဆင်ပြေပါ့မလား.."
"ပြေမှာပါ....ငါသွားတော့မယ်နော်..."
"အွန်း.."
ကောင်းကင်ကနှူတ်ဆက်ပြီး ကားပေါ်တက်ကာထွက်သွားလေသည်
"...အစ်ကို ဘာလို့ထွက်မလာတာလဲ..."
သုတပြောလိုက်တော့မှ မင်းမြတ်ကမီးဖိုခန်းထဲကနေခိုးကြည့်နေရာမှ ထွက်လာသည်
"...အစ်ကိုကြည့်နေတာသုတဘယ်လိုသိလဲ.."
"...အစ်ကိုကသုတအစ်ကိုပဲလေ သိတာပေါ့...အစ်ကို..ကောင်းကင်ကိုတောင်းပန်ချင်နေတာမလား.."
"....အမ်...သုတ...အကုန်သိနေတာပဲ..."
".....သိတာပေါ့...ဒါပေမယ့်ကောင်းကင်ကိုဘာလို့ထွက်မတွေ့တာလဲ..အစ်ကိုတောင်းပန်ချင်ရင်တောင်းပန်လိုက်လေ.."
"........."
"ဟီးဟီး..အစ်ကိုရှက်နေတာမလား..."
"သုတ.."
"ဟုတ်တယ်..ဟုတ်တယ်..အစ်ကိုရှက်နေတာပဲ...."
"...မ..မဟုတ်ပါဘူး.."
"...ဒါဆိုဘာလို့လဲ...သုတသိပါတယ်...အစ်ကိုကအပြင်မှာသာ ကောင်းကင်နဲ့အမြဲစကားများပြီးရန်ဖြစ်နေပေမယ့်စိတ်ထဲမှာတော့..."
"သုတ.. "
"ခင်နေတာလ်ု့ိပြောမလို့်လေ...ဘာတွေတွေးနေတာလဲမသိဘူးနော်.."
"ကောင်းကင်ကခင်ဖို့ကောင်းတဲ့လူတစ်ယောက်ပါ..ဒါပေမယ့်သူကစကားများလွန်းတယ်.."
"....သူတကယ်ခင်တဲ့လူတွေနဲ့ပဲစကားများတာပါ...အစ်ကို ကိုယ့်စိတ်ကိုယ်ပြန်ဆန်းစစ်သင့်ပြီလ်ု့ိထင်တယ်..."
သုတကပြုံးစိစိနဲ့ပြောကာ ဗိုက်ကိုထိန်းကိုင်ပြီးအပေါ်ထပ်သို့တက်သွားလေသည်
"....ဆန်းစစ်ရမယ်...ဘာကိုလဲ. ?.."
.....................သုတအခန်းထဲရောက်သည့်အထိမျက်နှာကပြုံးစိစိဖြစ်နေတုန်းပင် နောက်ဆုံးတော့ငါ့အစ်ကို လူပျိူကြီးဘဝကကျွတ်ရတော့မယ်ထင်တယ်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်