(A.N-ဒီနေ့ 2ပိုင်uးpတာနော် အပေါ်မှာတစ်ပိုင်းရှိသေးတယ် ကျော်သွားမှာဆိုးလို့😁😊)
"သုတ ဘယ်သွားချင်သေးလဲ..""အွန်း...အရုပ်ဆိုင်သွားကြည့်ချင်သေးတယ်. "
"အင်းသွားမယ်နော်.."
အခုတလော မင်းမြတ်သီဟ အလုပ်တွေထဲပဲစိတ်ရောက်နေပြီး တစ်ဦးတည်းသောချစ်ရတဲ့ညီလေးကိုပစ်ထားသလိုဖြစ်နေသောကြောင့် တစ်နေ့လောက်တော့ အလုပ်ကိစ္စတွေကိုမေ့ထားပြီး သုတသွားချင်တဲ့နေရာတွေကိုသူကိုယ်တိုင်လိုက်ပို့ပေးမယ်လို့စဉ်းစားမိခဲ့ခြင်းဖြစ်သည်
ကလင်ကလင်📱
"သုတ သွားကြည့်နှင့်နော် အစ်ကိုဖုန်းပြောလိုက်ဦးမယ်..""ဟုတ်.."
သုတကအရင်အရုပ်ဆိုင်ထဲဝင်သွားပြီး မင်းမြတ်သီဟ ကအရုပ်ဆိုင်နဲ့မနီးမဝေးနေရာကထိုင်ခုံတန်းပေါ်မှာထိုင်ပြီး ဖုန်းပြောနေလေသည်
"အေး ဝေယံပြော..ငါစုံစမ်းခိုင်းတာသိရပြီလား.."
"ဟုတ်ကဲ့သခင်လေး မင်းသခင်အခုတလောကောင်လေးတစ်ယောက်နဲ့ရင်းနှီးနေတယ်လို့ပြောပါတယ်.."
"ကောင်လေးတစ်ယောက်...ဘယ်သူလဲ.."
"သူတို့လည်းမသိဘူးတဲ့သခင်လေး ဓာတ်ပုံတော့ရိုက်ထားတယ် ဒါပေမယ့်ဝေးတဲ့အပြင်နောက်ကျောဖက်ကနေရိုက်ထားတော့ဘယ်သူလဲဆိုတာမသိရဘူး.."
"ငါ့ဆီပုံတွေ့ပို့လိုက်.."
"ဟုတ်ကဲ့.."
..............
အရုပ်ဆိုင်ကသေးသေးလေးတော့မဟုတ် ကလေးသေးသေးလေးတွေဆော့တဲ့အရုပ်အပြင် Anime အရုပ်တွေ ဂိမ်းထဲကဇာတ်ကောင်တွေနဲ့ ကာတွန်းကားထဲကဇာတ်ကောင်တွေ ရဲ့အရုပ်တွေကိုပါ သူ့ကဏ္ဏနဲ့သူသက်သက်စီခွဲပြီးထားထားတာမို့ အရုပ်Crazyတွေအတွက် ရွေးရတာလည်းလွယ်ကူသည် ဘယ်အရုပ်ကိုပဲကြည့်ကြည့် လိုချင်စရာတွေကြီးပင် ဆိုင်ရဲ့Wallpaperတွေကိုလည်းမျက်စိအေးစေတဲ့အရောင်တွေပဲကပ်ထားပြီး အလှဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်လည်းသေချာdecorationပိုင်းကိုလည်းပြင်ထားသောကြောင့် ဆိုင်လေးကတကယ်ချစ်ဖို့ကောင်းသည် အရုပ်တွေကိုလိုက်ကြည့်ရင်းသုတအာရုံကိုဖမ်းစားလိုက်တဲ့နေရာကတော့ Scobby Doo ကားထဲကCharacterတွေရဲ့အရုပ်တွေပင်ဖြစ်သည်

YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်