"သခင်လေး..ဒီပွဲမှာကျွန်တော်တို့နိုင်သွားတာကို မင်းမြတ်သီဟတော်တော်မကျေနပ်ဖြစ်နေပုံပဲ.."
"ဟက်...သိပ်ဟုတ်တာပေါ့...မင်းမြတ်သီဟရဲ့အရှူံးကိုလက်မခံနို်င်တဲ့မျက်နှာကိုကြည့်ရတာ ငါ့အတွက်သိပ်အရသာရှိတာပဲ.."
"အဲ့ဒါတော့ဟုတ်တယ်သခင်လေး..သူဘယ်လောက်ဒေါသထွက်နေလဲဆိုတာသိသာတယ်..ဒါပေမယ့်ကျွန်တော်တို့ဖက်က200တောင်ရင်းလိုက်ရတာနော်.."
"ဘယ်သူပြောလဲ...ငါတို့ဖက်က 200ရင်းလိုက်ရတယ်ဆိုတာ.."
"ဗျာ..သခင်လေးဘာကိုပြောချင်တာလဲ ကျွန်တော်တော့နားမလည်တော့ဘူး. "
"ဟက်...အဲ့မြေကွက်ကအစကတည်းကငါပိုင်တဲ့မြေကွက်ပဲလေ.."
"ဗျာ...!"
သခင့်ရဲ့စကားကြောင့် ထက်မြက်အတော်အံ့သြ သွားရသည် ခေါင်းထဲမှာလည်းမေးခွန်းပေါင်းများစွာနဲ့
"အဲ့မြေကွက်က အစကတည်းကငါပိုင်တာ ထက်မြက်..မင်းမြတ်သီဟနဲ့ကောင်းကင်ရိပ်တို့ဘယ်လိုပဲလုပ်လုပ် နိုင်မယ့်သူကငါပဲ.."
အခုမှထက်မြက်တစ်ယောက်သူ့သခင်လေးရဲ့အကြံစည်တွေကိုနားလည်တော့သည် ဒါဆိုသခင်လေးက မင်းမြတ်သီဟရဲ့မာနကိုရိုက်ချိုးချင်လို့ မြေကွက်ကိုတမင်ငါးစာချလိုက်တာပဲ..ဒါပေမယ့်သူနားမလည်နိုင်တာက ဘာလို့သခင်လေးကအဲ့မြေကွက်ကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုတောင်မပြောပြရတာလဲ မယုံလို့များလား...
"မင်းဘာတွေတွေးနေလဲဆိုတာငါသိတယ် ထက်မြက်..ငါမင်းကိုယုံပါတယ်.."
သခင်ကထက်မြက်ရဲ့အတွေးတွေကိုသိနေသည့်အလား ထက်မြက်မမေးခင်အရင်ဖြေလိုက်သည်
"ဒါပေမယ့်သတိဆိုတာပိုတယ်မရှိဘူး..ငါတို့ထဲမှာသူလျိုရှိနေတယ်..အဲ့ဒါကြောင့်ငါဒီကိစ္စကိုဘယ်သူ့ကိုမှမပြောတာပဲ..အဲ့မြေကွက်ကိုငါပိုင်တယ်ဆိုတာလည်း လေလံပွဲကိုစီစဉ်တဲ့သူရယ်ငါရယ်ပဲသိတာ.."

YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်