"မောင်....တကယ်လို့များလေ အကြောင်းတခုခုကြောင့် မောင်နဲ့သုတဝေးသွားမယ်ဆိုရင် မောင့်ကိုသုတတကယ်ချစ်တာကိုတော့ယုံပါနော်.."
"အင်း..ယုံပါတယ်သုတရယ်.."
"ချစ်လားဟင်..မောင်ပြောကြည့်ပါလား..သုတကိုအရမ်းမောင်ကအရမ်းချစ်ပါတယ်လို့.."
"အင်း..ချစ်တယ်နော် မောင်ကသုတကိုအရမ်းချစ်တယ်.."
"သုတလည်းမောင့်ကိုအရမ်းချစ်တယ်.."
သုတတခုခုဖြစ်နေတာကိုသခင်သတိထားမိသည် ခါတိုင်းနဲ့မတူပဲသုတရဲ့အသံထဲမှာဝမ်းနည်းပြီးကြေကွဲနေတဲ့ခံစားချက်တွေကိုခံစားမိနေသလိုပဲ
"မောင်သွားရအောင်လေ ရုပ်ရှင်သွားကြည့်မယ်ဆို "
"အင်း.."
......................
"ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးမောင်ရင်ဘယ်လိုဖြေရှင်းမလဲ..""ကျွန်တော့်အဲ့မြေကွက်ကိုရအောင်မယူနိုင်ခဲ့တာအတွက်စိတ်မကောင်းပါဘူး.ဒါပေမယ့်စိတ်ချပါ..ကျွန်တော်ကိုအချိန်တစ်ပတ်လောက်ပဲထပ်ပေးကြပါ အဲ့တစ်ပတ်အတွင်းမှာကျွန်တော် နေရာကောင်းကောင်းရအောင်ရှာမယ်..ကျွန်တော့်ကိုယုံကြည်ဖို့ပဲလိုတယ်.."
အခုကမင်းမြတ်သီဟ တို့ဆက်လုပ်မယ့်ပရောဂျက်နဲ့ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေရှယ်ယာရှင်တွေနဲ့အရေးပေါ်အစည်းဝေးထိုင်နေကြခြင်းဖြစ်သည်
"မောင်ရင်ရဲ့အရည်ချင်းကိုအန်ကယ်တို့သံသယဖြစ်စရာမရှိပါဘူး..မောင်ရင့်ကိုယုံလို့လည်းအခုချိန်ထိလက်တွဲခဲ့တာပေါ့ မောင်ရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နို်င်မယ်လို့အန်ကယ်တို့ယုံကြည်ပါတယ်.."
"ကျွန်တော့်ကိုယုံပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်.."
"အင်း..ဒါပေမယ့်လည်းအခုချိန်မှာ မင်းသခင်တို့ဖက်ကအသာစီးရနေတာတော့အမှန်ပဲ..မောင်ရင်.."
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်