".......မောင် ဘယ်သွားမှာလဲဟင်.."
ကားပေါ်ကိုရောက်တဲ့အထိ သခင်ကဘာစကားမှမပြော၍သုတကပဲအရင်မေးလိုက်သည်
"တစ်နေရာရာပေါ့...ခါးပတ်သေချာပတ်ထား..."
မောင့်စကားကြောင့် သုတ နည်းနည်းတော့စိတ်မကောင်းဖြစ်မိသည် အရင်ကဆိုမောင်ပဲပတ်ပေးနေကြလေ ဟင်း...ဘာပဲဖြစ်ဖြစ် အခြေအနေတွေကတူတော့တာမှမဟုတ်တာ မောင်နဲ့သူကလမ်းခွဲတော့မှာပဲ
သုတခါးပတ်ပတ်ပြီးသည်နဲ့သခင်က ကားကိုစမောင်းတော့သည် အရင်တုန်းကနဲ့မတူပဲ ပိုပြီးအရှိန်ပြင်းစွာမောင်းနေတဲ့ သခင်ကြောင့် သုတဘုရားတနေရသည်
ကားကနေရာတော်တော်များများကိုဖြတ်ကျော်ကာ တိတ်ဆိတ်နေတဲ့နေရာနားကိုရောက်လာလေသည်
'မောင် ဘယ်သွားနေတာလဲ..'
"မောင် ဘယ်သွားနေတာလဲ...တိတ်ဆိတ်နေတာပဲ ပြန်ရအောင်.."
"..........."
သခင်ကသုတကိုဘာတခွန်းမှပြန်မပြောပဲ ဆက်မောင်းနေကာ ခြံတစ်ခြံနားရောက်တော့ရပ်လိုက်သည် သုတခြံထဲကိုကြည့်လိုက်တော့လူတစ်ယောက်မှရှိမနေခဲ့ပေ
သခင်ကကားပေါ်ကနေဆင်းလိုက်ကာ သုတဖက်ကကားတံခါးကိုဖွင့်လို်က်ပြီး
"ဆင်းလေသုတ.."
".....ဒါကဘယ်နေရာလဲ.."
".....အရင်တုန်းကတော့ အရမ်းပျော်ဖို့ကောင်းတဲ့နေရာပေါ့...မောင့်အစ်မနဲ့အတူတူနေခဲ့တဲ့အိမ်လေ.."
သုတကဟိုဘက်ဒီဘက်ကြည့်ရင်းကားပေါ်ကနေဆင်းလာခဲ့သည်
"သွားရအောင်.."
သခင်က ခြံတံခါးသော့ကိုဖွင့်လိုက်ပြီး ခြံထဲဝင်သွားတော့ သုတလည်းဝင်လာခဲ့သည် ခြံထဲမှာပန်းပင်အမျိုးမျိုးကိုတွေ့ရသည် အထူးသဖြင့်နှင်းဆီအနီရောင် တွေကအများကြီးပင်
YOU ARE READING
Maung(Completed)
General Fictionမြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည် မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်