58

35.5K 2.5K 129
                                    

မနက်စာစားပြီးကြသည်နဲ့ မင်းမြတ်တို့လေးယောက် ဧည့်ခန်းမှာလူစုမိကြသည် ကောင်းကင်က usbတွေကိုကိုင်ပြီးအလုပ်များနေသလို မင်းမြတ်ကလည်းဝှှီးချဲပေါ်ထိုင်ကာ ကောင်းကင်ပြမယ့်videoကိုစိတ်ရှည်စွာစောင့်နေလေသည်

"...ကောင်းကင်...မပြသေးဘူးလား.."

"ပြမယ်..သုတရ..ငါ့ဆီမှာရှိတဲ့usbတွေကများနေတော့ ဘယ်ဟာကငါပြချင်တဲ့usbမှန်းမသိဘူး.."

ကိုယ်ဝန်ရှိပြီးကတည်းကပါးစပ်နဲ့အစားမပြတ်တဲ့သုတက ခါတိုင်းလိုပင် စိပ်ထားတဲ့သစ်တော်သီးတွေကိုတစ်စိပ်ပြီးတစ်စိပ်ယူစားနေကာ ဘေးကသခင်ကလည်းသုတစားရန်သစ်တော်သီးကိုဓားနဲ့သေချာစိပ်ပေးနေလေသည်

"...သားတို့ရေ...အန်တီ အပြင်သွားစရာရှိလို့ သွားလိုက်ဦးမယ်နော်..နေ့လည်ပိုင်းလောက်ပြန်ရောက်မယ်.."

"ဟုတ်..အန်တီ.."

တီတီ

အန်တီထွက်သွားပြီးခဏလောက်အကြာ အိမ်ရှေ့တွင်ကားသံကြားလိုက်၍ အခန်းထဲကမဖြူကအိမ်ရှေ့ထွက်ကာတံခါးသွားဖွင့်ပေးလေသည်

"...ဖြူ မ မတွေ့တာကြာလို့လားမသိဘူး..ပိုရုပ်ဆိုးလာတယ်နော်.."

"...နင်နော်..ယာရီမ..ငါ့တွေ့တာနဲ့ဖဲ့မယ်ဆိုတာပဲ..နင်လည်းပိုပုလာတယ်.."

"....ဟားဟား...ငါကချစ်လို့စတာပါဟယ်..နင်ကချောပြီးသားပါ.."

"..အံမယ်..ငါချောတာငါသိပါတယ်.."

"...ခွီး..ဘီလူးချောချောတာလေ.."

"...အေးပါ..အေးပါ..ဒိုင်ယာရီ ငါ့ကိုအကောင်းပြောတဲ့နေ့ ငါထီပေါက်တဲ့နေ့ပဲ..."

"..အဲ့ဒါဆိုရင်တော့ နောက်ဘဝမှပဲမျော်လင့်တော့..ဟားဟား.."

"...ပြောထားဦးပေါ့...လာလေ..အိမ်ထဲဝင်.."

အိမ်ထဲကို မဖြူနဲ့အတူဝင်လာတဲ့ကောင်မလေးကြောင့် သခင်အံ့သြ သွားမိသည်

"..ယာရီ.."

"...ဟယ်..မင်းသခင်..နင်မလား.."

သခင် အဲ့ဒါကြောင့် မဖြူနဲ့စကားပြောနေတဲ့ကောင်မလေးအသံကြားဖူးပါတယ်လို့မှတ်နေတာ..သူ့မိန်းကလေးသူငယ်ချင်းယာရီပဲ

​Maung(Completed)Where stories live. Discover now