Unicode
နိုဝင်ဘာ ၁၅ ၊ ၁၉၅၃ ခုနှစ်
အချိန်ကာလကား ဒေါက်တာဘဦး သမ္မတလုပ်အုပ်ချုပ်စဉ်ကာလ...
ရန်ကုန်မြို့ရှိအထက်တန်းစားမိသားစုတစ်ခုနေထိုင်သော ခြံကျယ်ကြီးတစ်ခုသည် ဒါလဟိုဇီလမ်း
(ယခု မဟာဗန္ဓုလလမ်း)ပေါ်တွင်
ထီးထီးမားမားတည်ရှိလျက်ရှိသည်။
ခြံအဝင်ဝသံပန်းတံခါးပေါ်တွင် ချိတ်ဆွဲထားသောကနတ်လက်ရာများပါသည့်သစ်သားဆိုင်းဘုတ်ပေါ်တွင်ထင်ထင်ရှားရှားရေးထိုးထားသည်က.."ဧကမြိုင်"
ခြံဝန်းကျယ်တွင်းရှိ ခမ်းနားထည်ဝါသောအိမ်ကြီး၏
အတွင်းဧည့်ခန်းသည်လည်း
ယမန်နေ့များထက်
အေးစက်တိတ်ဆိတ်လျက်ရှိသည်။
ကောင်းသောတိတ်ဆိတ်ခြင်းတော့ဖြစ်ဟန်မတူ..။ကိုလိုနီခေတ်အငွေ့အသက်များထုံမွမ်းထားသော ပရိဘောကအသုံးအဆောင်တို့သည် ထိုဧည့်ခန်းမကြီး၏အရှိန်အဝါကို ပို၍ထည်ဝါခန့်ညားစေသလို
မျက်နှာကြက်ထက်မှ မီးဆိုင်းကြီး၏အလင်းရောင်သည် ဧည့်ခန်းဆောင်အတွင်းရှိလူအားလုံးအပေါ် ကောင်းကောင်းကြီးဖြန့်ကျက်ထားလေသည်။"မေမေ ဒီကိစ္စကို လုံးဝ လက်မခံနိုင်ဘူး မင်းထင်!!!.."
သြဇာအာဏာအပြည့်ဖြင့်ထွက်ပေါ်လာသော "ဧကမြိုင်"၏အိမ်ကြီးရှင် ဒေါ်နန်းထိပ်ထားတင်ရဲ့ စကားသံသည် ဧည့်ခန်းမအတွင်းရှိငြိမ်သက်နေသောလူတစ်ချို့ကို
လှုပ်နှိုးလိုက်သည့်နှယ်...။"နွယ်က ဘာဖြစ်နေလို့လဲ မေမေ
နွယ်ကသားအပေါ်သိတတ်တယ် မယားဝတ္တရားကျေတယ်
အိမ်ထောင့်တာဝန်နိုင်နင်းတဲ့မိန်းကလေးပါ"မင်းထင် တစ်သက်နဲ့တစ်ကိုယ်မလွန်ဆန်ရဲခဲ့သည့်
မိခင်ဖြစ်သူရဲ့စကားကိုခွန်းတုန့်ပြန်ရင်း ဘေးနားမှာ မျက်နှာလေးညှိုးကာ ငြိမ်သက်နေရှာသော ဇနီးအသစ်စက်စက်လေး၏လက်ကလေးကို
ဖြစ်ညှစ်ဆိုင်ကိုင်ရင်းအားပေးဟန်ပြုလိုက်မိသည်။"ကိုယ်နဲ့အဆင့်တန်းချင်းမတူတဲ့သူနဲ့ ဘာလို့ပေါင်းဖက်နေချင်ရတာလဲ မောင်မောင်..."
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...