Ep 40

80 5 0
                                    

Unicode
------------

ဘောက်စ်ဝက်ဂွန်ကားလေးက ရပ်ကွက်လမ်းထဲကိုမောင်းဝင်လာချိန်က နံနက် ၈နာရီခန့်ပင်ရှိဦးမည်။
အခြေခံလူလတ်တန်းစားရပ်ကွက်မို့ ရုံးတက်၊အလုပ်သွားသူတွေနှင့်ပျားပန်းခတ်လျက်ရှိသည်။
ရေစည်လှည်းတစ်ခုကကားဘေးနားကနေ အိပဲ့အိပဲ့တွန်းသွားတုန်းမှာပင် ရပ်ကွက်ဈေးနားကိုပင်ရောက်လာပြီဖြစ်သည်။
မဟော်ဦးတို့အိမ်လေးက ရပ်ကွက်ဈေးနှင့်သိပ်မဝေးသည့် သုံးလမ်းမြောက်လမ်းသွယ်ထဲတွင်ဖြစ်၏။
ဈေးထဲရှိ သမဝါယမဆိုင်တွင် လူတွေတန်းစီနေတာကိုတွေ့တော့ သက်ပြင်းကိုဟင်းခနဲချလိုက်မိသည်။အာဏာရူးတစ်စုကြောင့် အခုလိုဘဝတွေပျက်ခဲ့ရတာ၊ အာရှကျားဟာ အာရှနွားဘဝရောက်ခဲ့ရတာမဟုတ်လား။ ပြည်သူပိုင်တွေသိမ်းကြတုန်းကဆို တစ်ချို့သူဌေးတွေများ ငွေထုပ်ကြီးပိုက်ပြီး ရူးသွားကြတယ်လို့ မဟော်ဦးကိုငယ်ငယ်ကမေမေပြောပြဖူးသည်။အခုလည်းရှင်လျက်နှင့် ဘဝပျက်နေကြရတာပင်ဖြစ်သည်။အဆိုးဆုံးက အခြေခံလူတန်းစားနင်းပြားတွေဘဝသာ‌ဖြစ်လေ၏။

"ဘာတွေသက်ပြင်းချနေတာလဲ မဟော်လေး"

"ဒီလိုပါပဲ တွေးမိတွေးရာပါ"

"သမဝါယမဆိုင်မှာတန်းစီးနေတဲ့လူတွေကြောင့် ဟုတ်ရဲ့မလား"

"ဘယ်လိုသိတာလဲ"

"ဒီလိုပဲပေါ့ဗျာ အရိပ်တကြည့်ကြည့်နဲ့ဆိုတော့ အကုန်သိနေတာပေါ့"

"မျက်နှာရူးပြန်ပြီ..."

မဟော်ဦး၏စကားကြောင့် မင်းကြည်ညိုက လှိုက်မောစွာရယ်လေသည်။ကားစတီယာရင်ကိုကိုင်ထားသည် လက်ချောင်းရှည်ရှည်တွေနှင့် သွေးကြောစိမ်းစိမ်းတွေက တကယ့်ကိုသူဌေးသားမှန်းသိသာစေပါ၏။လက်မှာပတ်ထားသော ရိုးလက်စ်နာရီက နေရောင်တစ်ဖြောက်တွင် လက်ခနဲလင်းသွားတာမို့ မျက်စိပင်ကျိန်းစပ်သွားရသည်။

"ငေးလှချည်လား ကောင်ကလေး"

"တော်စမ်းပါ နာရီကိုကြည့်နေတာ ခင်ဗျားကိုမဟုတ်ဘူး သွေးနားထင်ရောက်မနေနဲ့"

"မသိပါဘူး ကောင်လေးတစ်ယောက် ခိုးငေးနေတာ လူမိသွားလို့များ...."

"ငြိမ်"Where stories live. Discover now