EP 26

87 9 7
                                    

Unicode

"ကျွီ....ဂျလိန်း"

တိတ်ဆိတ်နေသော ဉာဉ့်ဦးယံမှာထွက်ပေါ်လာသော သံချေးတက်နေသည့်သံဘာဂျာတံခါးကိုတွန်းဖွင့်သံကြောင့် သဇင်ဦးခါးဆန့်ကာလည်ပင်းထောင်မိသွားသည်။
ခြေလှမ်းတွေကလည်း တံခါးနားဆီသို့လေအလျင်ကဲ့သို့ရောက်ရှိသွားရသည်။"

"ဟယ် ....မဟော် အငယ်လေး
ဘယ်လိုဖြစ်လာရတာလဲကွယ် မမရင်တွေပူလိုက်တာ ကြည့်ပါဦး ဖရိုဖရဲနဲ့ ရန်ဖြစ်လာတာလား ဟင် ဒီညမှပြန်မလာရင် မမလူပျောက်တိုင်တော့မလို့ ဘယ်တွေရောက်နေတာလဲကွယ်"

"ဘာမှထွေထွေထူးထူးမဟုတ်တာမို့ စိတ်ပူမနေနဲ့တော့ ဒါပေမယ့် တစ်ခုပဲပြောချင်တယ်"

ချည်သားအင်္ကျီကတစ်စစီနီးပါးစုတ်ပြဲနေပြီး
ပါးတွေနှုတ်ခမ်းတွေ လည်ပင်းတွေကယောင်ကိုင်းနေတာမို့ သဇင်ဦးစိုးရိမ်မိတာမဆန်းပါလေ။မျက်ဆံဝန်းဝန်းဝိုင်းဝိုင်းတွေက ငြိမ်သက်နေသည့်ရေပြင်တစ်ခုလို ခံစားချက်မဲ့နေသည်ကိုအတိုင်းသားမြင်နေရသည်။

"နောင်‌ဘယ်သောဘယ်သောအခါမှ အဲ့ဒီလူနဲ့လိုအပ်တဲ့ဆက်ဆံရေးထက်ပိုပြီး
မပတ်သက်တာအကောင်းဆုံးပဲ
တတ်နိုင်ရင်လုံးဝမပတ်သက်နဲ့"

မမကခဏတော့ငြိမ်သက်သွားပြီး ချက်ချင်းဆိုသလိုအပြုံးတစ်ခုကိုမျက်နှာထက်တွင်ချိတ်ဆွဲကာ ငြိမ်ပြေ့လက်တွေကိုဆုပ်ကိုင်လာလေသည်။

"ကဲပါ မမဟင်းတွေချက်ထားတယ် တို့မောင်နှမနှစ်ယောက်အတူတူစားရအောင် လန်းသွားအောင်ရေအရင်ချိုးလိုက်ဦး မမစောင့်နေမယ်နော် အကြာကြီးလည်းစိမ်ချိုးမနေနဲ့ဦး"

မမကမီးဖိုချောင်ထဲဝင်သွားပြီမို့ စုတ်ပြဲနေသည့်ချည်သားအင်္ကျီကိုချွတ်၍ ရေလဲပုဆိုးကိုယူကာအိမ်ဘေးသို့ဆင်းလာခဲ့လိုက်သည်။
အုတ်ကန်ဘောင်ပေါ်မှာတင်ထားသည့် မီးခြစ်နှင့်ရေနံဆီမီးခွက်ကိုကြည့်ပြီး မဟော်ဦးခေါင်းထဲသို့အတွေးတစ်ခုဝင်လာလေသည်။သတ္တုဖြင့်ပြုလုပ်ထားသည့်မီးခြစ်ကိုအဖုံးဖွင့်ပြီး ခြစ်လိုက်တော့ မီးတောက်ကဟုန်းခနဲထတောက်သည်။လက်တစ်ဖက်မှာကိုင်ထားသော အင်္ကျီစုတ်ကိုအနည်းငယ်မြှောက်လိုက်ပြီး မီးတောက်နှင့်ထိတွေ့ပေးလိုက်တော့ ဟုန်းခနဲစွဲလောင်လေသည်။
မီးစွဲလောင်နေသော အင်္ကျီကိုခြံစည်းရိုးထောင့်ကိုပစ်ထုတ်လိုက်ပြီး ရွံရှာမုန်းတီးစိတ်ဖြင့်ကြည့်ရင်းတောက်တစ်ချက်ကိုပြင်ပြင်းခေါက်မိသည်။

"ငြိမ်"Where stories live. Discover now