Ep 23

79 11 2
                                    

Unicode

"နုစိန်...!!!"

"......"

မျက်ရည်ကြည်တွေရစ်ဝိုင်းနေသော မျက်ဝန်းထဲတွင် အံ့ဩခြင်း၊ နှမြောတသဖြစ်ခြင်းတို့အပြည့်ပါဝင်နေသည်ကို ရင်းမောင်ထင်ထင်ရှားရှားတွေ့လိုက်ရသည်။

"ကိုကြီးဧကရယ်...."

"အမေ့ကိုမပြောဖို့တောင်းဆိုမယ်ဆိုရင် ညီမလေး လိုက်လျောမှာလား"

"ကိုကြီးဧကရဲ့စကားကို နုစိန်နားမထောင်ခဲ့ဖူးတာရှိခဲ့လို့လား ဟင် ကိုကြီး ..
ဒါပေမယ့်လေ ဘယ်လိုဖြစ်လို့ အခုလို..."

"နှလုံးသားတစ်ခုလုံးကို တစ်စုံတစ်ယောက်ဆီပုံအပ်ဖို့ ဝဋ်ကြွေးတွေဆပ်ရမယ်ဆိုရင်တောင် ကိုကြီးဆပ်ဖို့ဝန်မလေးလောက်အောင်ထိ ချစ်မိသွားတယ်ဆိုရင်ရော..."

"နုစိန်လေ ဟိုးငယ်ငယ်လေးကတည်းက ကိုကြီးဧကကို အကိုကြီးတစ်ယောက်လို ချစ်လာခဲ့ရတာ ကိုကြီးစကားတစ်ခွန်းဆိုတစ်ခွန်း နုစိန်နားထောင်ခဲ့တာ ဒါပေမယ့်လေ အခုတစ်ခါတော့ နုစိန်စကားလေးကိုတစ်ခါလောက်နဲ့နောက်ဆုံးပဲဖြစ်ဖြစ်နားထောင်ပေးပါလားဟင်"

"....."

"ယောကျာ်းနှစ်ယောက်ကချစ်လို့ရမရဆိုတာကို နုစိန်လိုတောသူပညာမတတ်တဲ့မိန်းမတစ်ယောက်ကမသိပေမယ့် သေချာတာတစ်ခုက
ငြိမ်ပြေအေးဟာ ဂုဏ်မဲ့ဒြပ်မဲ့မျိုးရိုးသိမ်နုပ်တဲ့ဇာတ်ကဆင်းလာတာမဟုတ်ဘူး ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး ရွှေထမင်းရွှေဟင်းစားခဲ့တဲ့ကောင်လေးမျိုးမို့ ဒီဇာတ်လမ်းကိုဒီမှာတင်နိဂုံးချုပ်လိုက်ပါတော့ ကိုကြီးရယ် နုစိန်တောင်းပန်ပါတယ်"

နိုစိန်ကလက်အုပ်ချီကာငိုရင်းပြောရင်း ရင််းမောင်ကိုတဘုန်းဘုန်းထုရိုက်ရင်း နွမ်းနယ်စပြုလာဟန်တူ၏။ရင်းမောင်ရင်ခွင်ထဲယိုင်ကျလာသော နုစိန်ကိုဖက်ပြီး ကျောပြင်လေးကိုတဖွဖွပုတ်ပေးနေမိသည်။ဒီကောင်မလေးတောင်အရွယ်ရောက်လာပြီပါကောလား။အတော်အတန်ကြာတော့ ရင်းမောင်ရင်ခွင်ထဲကနေထွက်ကာ မျက်ရည်လက်ကျန်ကိုသုတ်ပြီး ပင့်သက်တစ်ချက်ရှိုက်၍ ဘုရားကိုသာခပ်တွေတွေလေးငေးကြည့်နေလေသည်။

"ငြိမ်"Where stories live. Discover now