Unicode
လက်နှိပ်စက်သံတဂျုတ်ဂျုတ်မြည်သံတွေကိုဖြတ်ကျော်ပြီး နယူးပရင့်ပုံနှိပ်တိုက်၏ အယ်ဒီတာရဲ့ရုံးခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
တဝှီးဝှီးလည်နေသော ဒလက်ပန်ကာသည် အခန်းထဲတစ်ဝိုက်ကိုတော့ ကောင်းစွာအအေးပေးထားနိုင်လေသည်။ဆောင်းလာသောလျှာထိုးဦးထုပ်ကိုဆွဲချွတ်ကာစားပွဲပေါ်တင်လိုက်သည်။
"ဟူး....ရာသီဥတုကပူလိုက်တာဗျာ"
"ဘယ်မလဲ စာမူ..."
မျက်မှန်ကိုင်းမဲကြီးကိုကျော်ကာ ခပ်မှေးမှေးလှမ်းကြည့်လာသော ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် အယ်ဒီတာဦးစိုးသိန်းကြောင့် တင့်ဆွေအမောပါဆို့သွားရသည်။
ဒီလူနည်းနည်းလေးမှကိုအားမနာတတ်တာများလား။"ဦးစိုးသိန်း...ခင်ဗျားဗျာ မျက်နှာလေးနည်းနည်းပါးပါးကြည့်ပါဦး ဒီလောက်မောပြီး ချွေးဒီးဒီးကျနေတာ စပါကလင်တစ်ပုလင်းလောက်ဝယ်တိုက်သင့်တယ်မဟုတ်ဘူးလား"
"စာမူကဘယ်နားနေမှန်းမသိ ငါကအရင်ပွဲဆက်ရဦးမယ်တဲ့ ဒီမယ်ကောင်ကလေး စိုးသိန်းတို့ကတော့ ရော့ပတ္တမြား ရော့နဂါးပဲနော် "
"စာမူလာအပ်တာပဲဗျ စပါကလင်လေးတောင်မသဒ္ဓါတဲ့အယ်ဒီတာနဲ့လာတိုးနေတယ်"
"ဪ အဲ့ဒီလိုလား ဟဲဟဲ
ဟေ့ ... အပြင်မှာမျိုးနိုင်ရှိလား
အောက်ကလက်ဖက်ရည်ဆိုင်မှာ စပါကလင်တစ်ပုလင်းသွားဝယ်ခဲ့စမ်းကွာ"ဦးစိုးသိန်းကြီးက ပြုံးဖြီးဖြီးလုပ်ပြီး သူ့ပြာတာကနေတစ်ဆင့် စပါကလင်မှာပေးလေသည်။တပြွတ်ပြွတ်စုပ်ေသာက်လိုက်သည့်ရေခဲစိမ်ထားသော စပါကလင်ကလည်ချောင်းတစ်လျှောက်ကအပူတွေကို
အအေးရိုက်လိုက်တာမို့ အမောပြေသွားသလိုတော့ရှိလေသည်။"မင်းအရေးအသားတွေကိုတော့ ငါတကယ်ကြိုက်တယ် ဒါပေမယ့် တစ်ခုတော့သတိပေးချင်တယ်"
"ဘာလဲ ဟိုခွေးတွေကိုအရှိုက်ထိုးတာမျိုးရှောင်ဖို့လား"
"မဖြစ်သင့်တာမဖြစ်အောင်ပါ မင်းရဲ့နောက်မှာအကောင်ကြီးကြီးအမြှီးရှည်ရှည်တစ်ကောင်မှမရှိဘူးဆိုတာ ခေါင်းထဲထည့်ထား"

YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...