Ep 38

60 4 0
                                    

Unicode
------------

သုဘရာဇာနှင့်ရွာသားအချို့က ပေါက်ပြားဖြင့်တစ်ချက်ချင်းကော်ယူကာဖို့နေသော‌မြေကျင်းကိုကြည့်ပြီး ရင်းမောင်စိတ်တွေမွန်းကြပ်လျက်ရှိသည်။ခံစားချက်တွေကထွေပြားကာ မျက်ရည်ကျရကောင်းမှန်းပင်မသိတော့ပါ။
ခေါင်းပေါ်သို့တည့်တည့်ကျနေသော မွန်းတည့်နေက ရင်ထဲကအပူသောကမီးကိုလောင်စာဆီဖြည့်ပေးနေသည့်နှယ်။

အံကိုတင်းတင်းကြိတ်ထားရတာမို့ မေးရိုးတွေကလည်းထင်းလျက်ရှိသည်။လက်တစ်ဖက်က အမေဖြစ်သူ၏ပုခုံးသားကိုခပ်ဖွဖွဖြစ်ညှစ်ရင်း အားပေးရသေး၏။အမေ့ဆီမှ တစ်ချက်တစ်ချက်ဆိုသလိုထွက်ပေါ်လာသော ရှိုက်သံသည် ရင်းမောင်ဆီသို့ပါအပူမီးဟပ်လေသည်။မည်သို့မည်ပုံနည်းဖြင့် နှစ်သိမ့်ပေးရမည်မှန်းရင်းမောင်မသိတာမို့
ပုခုံးသေးသေးလေးကိုသာဆက်တိုက်ပွတ်သပ်ပေးနေမိသည်။လူအုပ်ကြီးတဖွဲဖွဲစဲသွားပြီးချိန်‌တွင်တော့ ရင်းမောင်တို့သားအမိနှစ်ယောက်နားသို့ အရီးကြင်ကရောက်လာလေ၏။

"သား ရင်းမောင် မင်းအမေကိုခေါ်ခဲ့လေကွယ် နေကမြင့်လှပြီ အိမ်မှာစီစဉ်စရာရှိတာစီစဉ်ရဦးမှာပေါ့"

"ဟုတ်ကဲ့ အရီးကြင်"

"လာပါ အမေ သွားရအောင်"

"ခဏလေးပါ သားရယ် မင်းအဖိုးရဲ့နောက်ဆုံးခရီးကို ‌အမေခဏလောက်ထပ်ပြီးကြည့်ပါရစေ"

"အဘက ကောင်းရာမွန်ရာရောက်မှာပါ
ကျွန်တော်နဲ့အတူ ဘုရားအတူတူရှိခိုး တရားထိုင်ပုတီးစိပ်လုပ်ခဲ့တာ နှစ်ပေါင်းမှမနည်းတော့ပဲ သေချာပေါက် အပါယ်တံခါးပိတ်ပြီးသားမို့ အမေစိတ်ချလိုက်ပါတော့"

သင်္ချိုင်းမြေမှလှည့်ထွက်ချိန်‌တွင်တော့ အမေက အဘရဲ့‌မြေပုံမှတ်တိုင်လေးကို စောင်းငဲ့ကြည့်ရင်းမျက်ရည်ကြည်တစ်ပေါက် ပေါက်ခနဲထပ်ကျလေသည်။ကျွန်တော်လည်းတစ်နေ့ကျရင် အမေ့နေရာရောက်လာဦးမှာပဲဆိုသည့်စိတ်ကဘဝင်ကိုဆူလောင်မြိုက်စေပြန်သည်။ပုထုဇဉ်ဆိုသောဝိဉာဉ်သည် မခေါ်နှိုးပါပဲ နိုးလာပြန်သည်။ သို့သော် ဤသေခြင်းတရားကို ကျွန်တော်တို့ဘယ်လိုမှရှောင်လွှဲ၍မရနိုင်ပါလေ။

"ငြိမ်"Where stories live. Discover now