Ep 29

90 8 4
                                    

Unicode
------------

မနက် ၉ နာရီဆိုသည်မှာ အတန်းတက်ချိန်ဖြစ်သော်ငြား တောင်ငူကန်တင်းထဲမှာ ဆူညံပွက်လောရိုက်စည်ကားနေဆဲဖြစ်သည်။
အုပ်စုဖွဲ့ရယ်မောသံတွေ လက်ဖက်ရည်အိုးပွက်ပွက်ဆူသံတွေ စားပွဲထိုးလေးတွေရဲ့ ခြေသံတွေဟာ ရာဇူးရဲ့ စည်းချက်ဝါးချက်တွေဖြစ်၏။

ဆောင်းလေပြေက တစ်ချက် တစ်ချက်အသော့လေးနှော့လိုက်ချိန်တွင် ဗာဒံရွက်နီကျင်ကျင်တစ်ချို့က လှုပ်လီလှုပ်လဲ့ဖြင့်ညှာတံကိုစိမ်းရက်ကာ မြေပြင်ပေါ်သို့ ဝေ့ချည်ဝဲချည် ဆင်းသက်သွားကြသည်။
ချိုဆိမ့်ခွက်ထဲက နို့ဆီတွေကိုအရည်ပျော်စေဖို့ စတီးဇွန်းလေးနဲ့အသာအယာမွှေနှောက်ရင်း ထိုမြင်ကွင်းကို မျက်တောင်တစ်ချက်လေမျှပင်မခတ်ဘဲ ငြိမ်ပြေ ငေးမောကြည့်နေမိသည်။
သို့သော် ထိုရူးကြောင်ကြောင်မြင်ကွင်းကိုငေးကြည့်နေသော်လည်း အတွေးအာရုံတွေက တစ်စုတစ်စည်းတည်းဖြစ်နေခြင်းမဟုတ်။
ယုတ္တိမတန်သော မင်္ဂလာပွဲဆီသို့ရောက်လိုက်
လေးလေးမင်းထင်ရဲ့မိသားစုအကြောင်းတွေဆီလွင့်ပျံ့သွားလိုသွား ‌တစ်စုံတစ်ယောက်ဆီသို့ ပြေးသွားလိုက်နှင့် စိတ်ဝိဉာဉ်အဟုန်ဇောက မြင်းတစ်ကောင်နှယ်ခုန်ပေါက်ပြေးလွှားလျက်ရှိသည်။

"ငြိမ်ပြေအေး ဟဲ့ ငြိမ်ပြေအေးလို့ အမလေး ဦးသွင်လတ်သားရေ...."

"ဟေ ...အေး အေး ဘာကြီးလဲ"

ပုစဉ်းရင်ကွဲတစ်ကောင်၏အသံလို စူးကွဲနေသောအသံဖြင့် နားအနားသို့ကပ်အော်သူကြောင့် အတွေးစတွေကလွင့်နေရာကနေ ဗြုန်းခနဲဆိုသလို ငြိမ်ပြေအေးရှိရာသို့ ပြန်ရောက်လာသည်။

"ဘုရား ဘုရား ငုပ်တုပ်ကြီးများအရှင်ထွက်ထွက်သွားပြီအောက်မေ့နေတာ ဘာတွေဒီလောက်စဉ်းစားနေတာလဲ"

"ဘာမှမဟုတ်ပါဘူး နွေမော်ရာ ဟိုဟိုဒီဒီပေါ့"

"နင်ငါ့ကို တစ်ခုခုဖုံးကွယ်ထားသလိုပဲနော် ငြိမ်ပြေ"

နွေမော့်စကားကြောင့် ငြိမ်ပြေအေးက ငေးခနဲလှမ်းကြည့်သည်။ထို့နောက် ချို့ဆိမ့်တစ်ငုံကို စိတ်မပါလက်မပါမော့သောက်ပြီး ငြိမ်နေပြန်သည်။

"ငြိမ်"Where stories live. Discover now