Unicode
ညသည်အတော်အတန်နက်နေပြီဖြစ်ကြောင်း ကုတင်ခေါင်းရင်းရှိမှန်ပြတင်းမှတစ်ဆင့်မြင်နေရသော မှိန််ပြပြ ကြယ်အစုလေးတွေက သက်သေ...။
ဆေးရုံကြီးရှိ အရေးပေါ်လူနာခန်းထဲမှ ကုတင်ထက်တွင် ဂလူးကို့စ်သွင်းထားသော လူနာ တစ်နည်းအားဖြင့် ညိုတို့ကားဖြင့်တိုက်မိသောအနှီဦးလေးသည် ငြိမ်သက်စွာ သတိမေ့မြောလျက်ရှိသည်။
ငယ်စဉ်ကအတော်ပင်ခန့်ညားချောမောခဲ့မည့်ရုပ်သွင်ဆိုတာကိုတော့ မှန်းကြည့်ရုံဖြင့်ပင်သိနိုင်သည်။
သို့သော် ဘယ်ဖက်ပါးပြင်ထက်က အမာရွတ်စင်းကြောင်းက
ယခုရုပ်ရည်ကိုအနည်းငယ်မျှတော့အကျည်းတန်နေစေသည်။ဆေးရုံရောက်ချိန်မှာ ထိုဦးလေးမှာအဖျားရှိန်ပြင်းကာ ကယောင်ကတမ်းဖြစ်ပြီးရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့တာကြောင့် ညိုပင်အတော်လန့်နေခဲ့ရသည်။သွေးစစ်ချက်အဖြေထွက်လာတော့ ကိုကြီးကြည်ညိုပြောပြပုံအရ ဦီးလေးကြီးမှာ ငှက်ဖျားပိုးအချို့ခန္ဓာကိုယ်ထဲပြန့်စပြုနေဟူ၍ဖြစ်သည်။အချိန်မှီမကုသနိုင်ခဲ့လျှင် ဦးနှောက်ထဲသို့ ငှက်ဖျားပိုးများရောက်သွားပြီး
ကိုမာဝင်သွားနိုင်ခြေရှိသည်တဲ့လေ..ဘယ်ဆီဘယ်ဝယ်ကလူမှန်းမသိပေမယ့်
ကိုကို့ရဲ့ သမားစိတ်က ထိုဦးလေးကိုလမ်းပေါ်မှာပစ်ထားခဲ့ဖို့
စိတ်ကူးရှိခဲ့ဟန်မတူတာကြောင့် ရန်ကုန်ဆေးရုံကြီးထိ အချိန်အခါမတော်ရောက်လာခဲ့ကြရခြင်းဖြစ်သည်။မိုးစုန်းစုန်းချုပ်နေပြီမို့ ကိုကိုကညို့ကိုဆေးရုံမှာလူနာစောင့်ခဏထားခဲ့ပြီး ငြိမ်ပြေ့ကိုအိမ်ပြန်ပို့လေသည်။
ဧကမြိုင် စံအိမ်၏သည်းသည်းလှုပ်အချစ်ခံရသည့် ကောင်လေးအိမ်ပြန်နောက်ကျပါသည်ဆိုလျှင် ကိုကိုနဲ့ညိုရဲ့အမှုမကင်းပေဘူးမဟုတ်လား...။နက်ဖြန်နံနက်ကိုအဆောင်ပြန်ဝင်ရတော့မှာမို့ ယခုညစောစောအိပ်မည်ကြံစည်ထားသော်လည်း ည ၁၀ချက်တီးသည့်တိုင် ဆေးရုံကနေမပြန်ရသေး..။
ထိုဦးလေးရဲ့ ဝေယျာဝစ္စကိုတော့ ကိုကိုဘယ်လိုစီစဉ်မည်မသိ..
ညိုတော့ ဂလူးကို့စ်ဘူးထဲမှ တစ်စက်ချင်း ဖြည်းညှင်းစွာကျနေသော ဆေးရည်စက်ကလေးတွေကိုသာငေးကြည့်နေမိေတာ့သည်။
![](https://img.wattpad.com/cover/241626639-288-k465673.jpg)
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...