Unicode
အဓိပတိလမ်းမကြီးပေါ်ကဓာတ်မီးတိုင်တွေသည် ညဦးယံမှာ အစီအရီဖြင့်ဝါဝါဖျော့ဖျော့ကလေးလင်းနေသည်။
ကောင်းကင်ပေါ်မှာထွက်ပြူခါစ လတစ်ခြမ်းပဲ့ကလေးသည် ကြယ်ရောင်မစုံမလင်ဖြင့် မပီဝိုးတဝါး...။
လမ်းပလက်ဖောင်းတစ်လျှောက် ဌာနတစ်ခုချင်းစီ၏အလံတိုင်လေးတွေက လေပြေသော့သော့ကြောင့် တစ်ချက်တစ်ချက်
လွင့်ခနဲ လွင့်ခနဲ....။ခြင်္သေ့ရုပ်ပုံပါသံတံခါးကြီးကိုဖြတ်ပြီး ကားဘီးလေးက ခပ်တုံ့တုံ့လှိမ့်၍ဝင်လာသည်။အဝေးမှလှမ်းကြည့်လိုက်ရုံဖြင့်ဘွဲ့နှင်းသဘင်ခန်းမကြီးသည်အရှိန်အဝါတစ်ခုဖြင့် ခမ်းခမ်းနားနား
ထည်ထည်ဝါဝါရှိနေပြန်သည်။
ဘေးတွင်ထိုင်၍ကားမောင်းနေသူ၏မျက်နှာသွင်ပြင်သည် သာမန်နှင့်မတူဘဲ တရိပ်ရိပ်ဖြတ်သွားသော လမ်းမီးတိုင်ဝါဖျော့ဖျော့အောက်ဝယ် ခပ်တင်းတင်းဖြစ်နေသည်ကိုတော့ ငြိမ်ပြေကောင်းကောင်းကြီးသတိထားမိပါသည်။ဘွဲ့နှင်းသဘင်ခန်းမကြီးရှေ့တွင် တည်ဆောက်ထားသည့် ယာယီစင်မြင့်ပေါ်မှာ
"၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ"
ဟူသော စာတန်းနှင့်အတူ မီးစလိုက်ရောင်စုံတို့က မှိတ်ကာဖွင့်ကာဖြင့် ပွဲစဖို့ ဟန်ရေးပြင်နေလေပြီ။သို့သော် စင်မြင့်ရှေ့တွင်တော့ လူများများစားစားသိပ်မရှိသေး...လမ်းဘေးဝဲယာ
တစ်လျှောက်တွင်တော့ ဌာနအလိုက်အရောင်းပြခန်းတွေ မုန့်ဈေးတန်းတွေနဲ့ ကြိတ်ကြိတ်တိုးနေသည့် လူအုပ်ကြီးကိုသာ ငြိမ်ပြေလှမ်းတွေ့လိုက်သည်။သစ်ပုပ်ပင်နဲ့မနီးမဝေးတွင် ကားကိုတုံ့ခနဲထိုးရပ်ပြီး စက်ရှိန်သတ်လိုက်သည့် ကိုကြီးကြည်ညိုကို ငြိမ်ပြေခေါင်းလေးငဲ့စောင့်ပြီးကြည့်နေသည့်တိုင်
အကြည့်လေးနှင့်ပင်တစ်ချက်ပြန်ကြည့်မလာခဲ့။ ကားစတီယာရင်တိုင်ကိုသာတင်းတင်းဆုပ်ကိုင်ထားတဲ့ သွေးကြောတွေယှက်ဖြာနေသည့်လက်ချောင်းတွေကိုသာ တုံ့ပြန်မှုအနေဖြင့်ငြိမ်ပြေပြန်လည်ရရှိသည်။"ကိုကြီးကြည်ညို...."
"အင်း......ဆင်းတော့"
"ဟို....ငြိမ်ပြေ့ကိုစိတ်ဆိုးနေသလား"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...