EP 34

118 9 0
                                    

Unicode
------------

"နွယ် ...နွယ် သတိရလာပြီလား
မောင်လေ မင်းထင်...မောင်ပြန်လာပြီ"

မြရိုးနွယ်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ တစ်စုံတစ်ယောက်၏ပုခုံးပေါ်တွင် ပါးအပ်ကာမှေးနေတာဖြစ်၏။
ခုနကနားထဲတွင် မောင့်အသံကိုပဲ့တင်ထပ်ကာကြားလိုက်သည်။ထို့နောက် မြရိုးနွယ်လောကြီးနှင့်အဆက်ပြတ်သွားသည်။
အခုနိုးလာတော့ ပုခုံးစွန်းတစ်ခုထက်တွင်နိုးလာသည်။ဖျင်ထည်ပုဝါစဖြင့်သူမကိုအသာအယာယပ်ခပ်ပေးနေသေးသည်။
ဖြည်းဖြည်းချင်းမော့ကြည့်တော့ နေရောင်စူးစူးအောက်တွင် ‌ထိုသူ၏မျက်နှာကိုအထင်းသားမြင်လိုက်ရ၏။

"မောင်..."

"နွယ်"

"မောင် ဟုတ်တယ်မလား ဒါကအိပ်မက်မဟုတ်ဘူးမလား ဖြေပါဦး နွယ့်ကိုဖြေပါဦးမောင်ရယ်"

နွယ့်အသံတွေက တလှိုက်လှိုက်တုန်ရီနေ၏။
မျက်ဝန်းအိမ်တွေမှာလည်း မျက်ရည်စတွေကပြည့်လျှံလျက်။

"ဒါပေါ့ မောင်တကယ်ပြန်လာတာပေါ့ကွယ်
အိပ်မက်မဟုတ်ပါဘူး မောင်တောင်းပန်ပါတယ်"

မောင်ကမျက်လွှာကိုအသာချကာ နွယ့်လက်ဖဝါးလေးကိုခပ်ဖွဖွပွတ်သည်။

"မောင်အကြာကြီးစောင့်ခိုင်းစေမိပြီ မောင့်အမှားတွေပါ မောင့်လောဘတွေပါ နွယ်ရယ် မောင့်လောဘမောဟကြောင့် နွယ်ပင်ပန်းခဲ့ရပြီ"

"မဟုတ်တာမောင်ရယ် နွယ့်ရှေ့မှာမောင့်ကိုအခုလိုမြင်နေရတာနဲ့တင် နွယ်သေပျော်ပါပြီမောင်ရယ် မောင်ဘယ်တွေရောက်နေခဲ့တာလဲ ဘာဖြစ်လို့ဒီလောက်တောင်နေစိမ့်ရတာလဲ ဟင် နွယ့်ကိုပြောပါဦး ပိန်သွားလိုက်တာ မျက်နှာမှာလည်းအမာရွတ်တွေနဲ့ ဘာတွေဖြစ်ခဲ့တာလဲ"

ဟုတ်တယ် ဒီတစ်ခါ နွယ်အိပ်မက် မက်နေတာမဟုတ်တော့ဘူး။မောင်တကယ်ပြန်လာခဲ့ပြီ။နွယ့်ဆုတောင်းတွေပြည့်ခဲ့ပြီ။ရင်ထဲလှိုက်တက်လာသောခံစားချက်တွေကရောပြွမ်းလျက်။ပျော်သည်လား ဝမ်းနည်းသည်လားခွဲခြားရခက်သော ခံစားမှုတွေကစုန်ချီဆန်ချီပြေးလွှားလျက်ရှိသည်။နှစ်ပေါင်းနှစ်ဆယ်ကျော် နွယ်စောင့်ရကျိုးနပ်ခဲ့ပြီ။နွယ်သေပျော်ပါပြီ မောင်ရယ် ....

"ငြိမ်"Where stories live. Discover now