Ep 44

38 4 0
                                    

Unicode 

-----------

ညအိပ်မီးဝါကျင်ကျင်လင်းနေသော အခန်းသည် အသစ်စက်စက်ဆိုသောပစ္စည်းများနှင့်ပြည့်နှက်နေလေသည်။သိန်းကျော်တန် ကျွန်းကုတင်ကြီးပေါ်ရှိ အိစက်ညက်ညောသောရေမြှုပ်မွေ့ယာသည် ပန်းနုရောင်အိပ်ရာခင်းဖြင့်လွှားထားပြီး ပန်းဆီရောင်ဇာခြင်ထောင်ကိုလည်းအသင့်ချထားလေ၏။အခန်းထောင့်ရှိကျွန်းဗီရိုမှာလည်းအဖိုးသေးလှမည်မဟုတ်သလို အလှပြင်ပစ္စည်းအချို့တင်ထားသော မှန်တင်ခုံကလည်း ကျွန်းရောင် ပေါလစ်ရောင်တို့ဖြင့်ရွှန်းရွှန်းလက်နေလေသည်။

ငယ်လင်ငယ်မယားတွေပြင်ဆင်ပေးသော မင်္ဂလာအိပ်ခန်း အိပ်ရာတွင်မင်္ဂလာဦးအမှုပြုသော ကြင်စဦးဇနီးမောင်နှံသည် ရိုးမြေကျပေါင်းရသည်ဆိုသော အတွေးဝင်လာခိုက်တွင်တော့ ငြိမ်ပြေအေးဟက်ခနဲတစ်ချက်ရယ်မိသည်။မြန်မာလူမျိုးတွေက မယောင်ရာသိပ်ဆီလူးကြတာပဲ မဟုတ်လား။

ကိုကြီးကြည်ညို၏ အဖေနဲ့အမေ တစ်နည်းအားဖြင့် သူ့ရဲ့ယောက္ခမတွေကတော့ ဧကမြိုင်၏ဧည့်သည်အခန်းတွင်သာအိပ်ပြီး မနက်မိုးလင်းတာနဲ့ မော်လမြိုင်ကိုပြန်မည်ဖြစ်သည်။ဒါကလည်း ငြိမ်ပြေအေး၏အမေ ဒေါ်ခင်ခင်ထိပ်ထား၏စီမံမှုတွေသာဖြစ်သည်။

သုံးပေါက်ရှိသောပြတင်းတံခါးတွေကို အကုန်ဖွင့်လိုက်တော့ ညလေအဝှေ့တွင်ပါလာသည့် မိုးဦးရနံ့ကနှာဖျားဝသို့ကျီစယ်လာ၏။ မကြာခင် မိုးဝင်တော့မည်။အနည်းငယ်အိုက်ပြီးအသက်ရှူမဝဖြစ်လာတာမို့ တိုက်ပုံကိုချွတ်ပြီး အောက်ခံလည်ကတုံးကိုကြယ်သီးနှစ်လုံးခန့်ဖြုတ်ထားလိုက်သည်။

ရေချိုးခန်းထဲမှရေကျသံကရပ်သွားပြီး ရေချိုးခန်းတံခါးကကျွီခနဲပွင့်လာသည်။ တရှပ်ရှပ်ခြေသံကိုကြားပေမယ့်လှည့်မကြည့်ဖြစ်ခဲ့။ လမိုက်ညမို့ မလင်းတလင်းကြယ်တစ်စုကိုသာငေးကြည့်ရင်း အတွေးတွေကလူးလာခေါက်ပြန်ဥဒဟိုသွားလာလျက်ရှိသည်။မေမေ နဲ့ တစ်ဖက်မိဘတွေရဲ့သဘောတူညီမှုအရ မင်္ဂလာဦးအခန်းသည် ဧကမြိုင်၏ဘေးကပ်လျက်ရှိ ကိုကြီးကြည်ညိုနေသည့်အိမ်ရှိ မမဂျက်စမင်၏အခန်းဖြစ်လာခဲ့သလို မမဂျက်စမင်ကလည်းအဆောင်မှာမနေတော့ပဲ ဒီအိမ်ကနေပဲကျောင်းဆက်တက်မည်ဖြစ်သည်။ ရွှတ်ခနဲဖြန်းလိုက်သောခပ်အီအီရေမွှေးရနံ့ကြောင့် ငြိမ်ပြေအေးနှာခေါင်းကိုအသာရှုံ့လိုက်မိသည်။ ကိုကြီးကြည်ညိုဆိုမှ မင်္ဂလာဧည့်ခံပွဲတုန်းက ရုတ်တရက်ဆိုသလို အလျင်တဆောကားမောင်းထွက်သွားပြီး ပြန်မလာသေးတာကို သတိပြုမိသည်။ တစ်ပြိုင်နက်တည်းဆိုသလို အရီလေးလေးမြရိုးနွယ်လက်ကိုဆွဲကာ ဧကမြိုင်ခြံတင်းကိုကျောခိုင်းထွက်သွားသည့် ကျောပြင်ကျယ်ကိုတွေးမိပြန်တော့ ရင်ဘတ်တစ်နေရာကဆစ်ခနဲ။ 

"ငြိမ်"Where stories live. Discover now