Ep 37

83 5 2
                                    

Unicode
------------

ရပ်ကွက်ငယ်လေးသည် မာကျူရီမီးရောင်ယဲ့ယဲ့ကလေးဖြင့်သာ ငြိမ်ကုပ်တိတ်ဆိတ်လျက်ရှိသည်။တတ်နိုင်သောအိမ်ဆိုသည်မှာလက်ချိုးရေလို့ရတာမို့ လျှပ်စစ်ရုံးကပေးသည့် လျှပ်စစ်မီးတစ်ပွင့်စ နှစ်ပွင့်စလင်းသောအိမ်တစ်ချို့ကိုဖြတ်ကျော်ပြီး မဟော်ဦးလျှောက်လာခဲ့သည်။ ကိုမင်းကြည်ညိုကိုလမ်းထိပ်ထိသာလိုက်ပို့ခိုင်းပြီးအခုလိုခြေလျင်လျှောက်လာရတာက မမနှင့်မဟော်ကြားက အဖုအထစ်တွေကို လိုတာထက်ပိုပြီးမများသွားစေလိုသောကြောင့်ဖြစ်သည်။

အိမ်ခြေရာမဲ့သောခွေးတစ်ကောင်က မဟော်ဦးကိုလှမ်းပြီးမာန်ဖီနေပေမယ့် အတွေးတွေက နေ့လည်ကဒန်ပေါက်ဆိုင်ကအကြောင်းအရာတွေဆီသို့သာရောက်နေသည်မို့ ထိုခွေး၏ဟောင်သံကတိုး၍ကျန်ခဲ့လေ၏။

စေ့၍သာထားသောသစ်သားတံခါးလေးကိုအသာတွန်းဖွင့်ဝင်သွားတော့ သံချေးတက်နေသောပတ္တာသံက ညဦးပိုင်းဝယ်ခြောက်ခြားစွာ ထွက်ပေါ်လာသည်။ဝါကျင်ကျင်မီးရောင်ဖြာကျနေသော သစ်သားကြမ်းခင်းသည် တစ်ချက်နင်းလိုက်တိုင်းမှာ
ဆွေးမြေ့မှုကြောင့် ကျွီခနဲ ကျွီခနဲမြည်သွားလေသည်။

"ပြန်ရောက်ပြီလား အုပ်ဆောင်းထဲမှာ ငါးခူအစပ်ချက်ထားတယ် ချဉ်ပေါင်ဟင်းချိုလည်းရှိသေးတယ် ကိုယ့်ဘာသာကိုယ်ထည့်စားတော့"

ဧည့်ခန်းကကြိမ်ခုံတစ်လုံးပေါ်တွင် ငြိမ်၍ထိုင်ကာစာဖတ်နေသော မမဆီမှ အသံကရုတ်တရက်ထွက်လာတော့ မဟော်ဦးခြေလှမ်းတွေတန့်သွားရသည်။သို့သော်လေသံကအနည်းငယ်မာဆတ်ဆတ်တော့နိုင်တာသတိထားမိ၏။

"မမရော စားပြီးပြီလား"

"သိပ်မဆာလို့"

"အတူတူစားရအောင်လေ"

"တော်ပါပြီ နေ့လည်ကဒန်ပေါက်တွေစားထားလို့"

ဒန်ပေါက်ဆိုသောစကားကြောင့် မဟော်ဦးမလုံမလဲဖြစ်သွားရသည်။မမကိုကြည့်တော့လည်း ဘာမှမဖြစ်သလိုပဲ စာအုပ်ကိုဖတ်မြဲဖတ်နေလေသည်။

"လာပါ တစ်ခါတည်းစားလိုက် ညနက်မှဆိုအစာမကြေဖြစ်လိမ့်မယ်"

မမဆီကအဖြေမတုန့်ပြန်လာပါ။ သိပ်မကြာခင်မှာပင် ရှိုက်သံတိုးသဲ့သဲ့က လှိုက်၍ထွက်ပေါ်လာသည်။သူမလက်ထဲကဝတ္ထုစာအုပ်ကတဆတ်ဆတ်တုန်ရီလာသလို ပေါက်ခနဲကျသောမျက်ရည်တစ်စက်က ဝါကျင်ကျင်မီးရောက်အောက်ဝယ်ဖျတ်ခနဲလက်သွားလေသည်။

"ငြိမ်"Where stories live. Discover now