Zawgyi
"မေမေ!!! "
"သား.. ငြိမ်ပြေ ဒါကဘယ်ကိုလဲ"
"ဪ... ဒီမှာလေ အကိုမုန့်လိုက်ကျွေးမယ်ဆိုလို့
ခဏလိုက်သွားမလို့လေ "ငြိမ်ပြေတစ်ယောက်တည်းရှိသည်ဟုသာသတ်မှတ်ပြီး စကားပြောနေသော မေမေသည် ငြိမ်ပြေ့ဘေးတွင် ခပ်ဆိတ်ဆိတ်ရပ်နေသော အကို့ကို တစ်ခဏမျှစူးစိုက်ကြည့်လေသည်။
"မင်းနာမည်က... "
"ဧကရင်းမောင်ပါဗျ ဥပဒေတတိယနှစ်ပါ"
"သားနဲ့ဘယ်လိုသိသလဲ!!!"
"မေမေ့!!! "
"ကျောင်းမှာ ကျွန်တော့်ကိုကူညီပေးရင်းခင်တာပါ
အခုလည်းကျွန်တော်ဖိနပ်ဝယ်ချင်တယ်ဆိုတာနဲ့ ငြိမ်ပြေကဆိုင်လိုက်ပြပေးလို့
အဲ့ဒါမုန့်လိုက်ဝယ်ကျွေးချင်လို့ပါ ...ဒေါ်ဒေါ်""အန်တီ့နာမည်ကတော့ ခင်ခင်ထိပ်ထားပါ
ဒါနဲ့ တဆိတ် စိတ်မရှိပါနဲ့ မောင်ရင်းမောင်...
အန်တီ ငြိမ်ပြေ့ကိုခေါ်သွားစရာလေးရှိလို့ပါ"အမေဖြစ်သူကိုနားမလည်နိုင်စွာကြည့်ပြီးဆွံ့အနေတဲ့
ကောင်လေးကိုရင်းမောင်ခပ်နွေးနွေးပြုံးပြရင်း"ကဲ.. အမေကသွားစရာရှိတယ်ဆို ငြိမ်ပြေလိုက်သွားလိုက်ချေဦး
နောက်မှ အကိုကျောင်းမှာငြိမ်ပြေစားချင်တာ
ဝယ်ကျွေးတော့မယ် အန်တီစောင့်နေရတာအားနာစရာ.. ""မဟုတ်တာ အန်တီက ငြိမ်ပြေ့ကို တစ်နေ့ တစ်နေ့ကို မုန့်ဖိုးတွေအများကြီးပေးလိုက်ပါတယ် နောက်ပြီး သားက လမ်းဘေးစာတွေဆို မတည့်ဘူးလေ အဲ့ဒါကြောင့်အန်တီဆို သားအတွက်နေ့လည်စာကိုထမင်းချိုင့်ထည့်ပေးလိုက်ရတာ
ကျောင်းကန်တင်း(န်) ကလည်းမသန့်မှာစိုးလို့လေ မောင်ရင်းမောင်ရဲ့... ""အို.. မေမေ အကို့ကိုဘယ်လိုတွေပြောနေတာလဲ"
ပြုံး၍ပြောသော်လည်း စကားအသွားအလာသည် ရင်းမောင်ကို နင်ကလူဆင်းရဲသားသမီးလို့မပြောလိုက်ရုံတမယ်မို့
လက်သီးကိုခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားမိသည်။
ငြိမ်ပြေရဲ့ဟန့်တားမှုနောက်တွင် ထိုဂုဏ်ကျက်သရေရှိလှပါသော အသွင်အပြင်နှင့် အမျိုးသမီးသည် ခနဲ့သလိုလိုအပြုံးကို ခပ်လှလှကလေးချိတ်ဆွဲသွားလေပြီ...။
ဂုဏ်ကြီးရှင်တို့၏အလေ့အထပေမို့ လက်သီးဆုပ်ကိုသာဖြေလျှော့လိုက်မိတော့သည်။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...