Ep 5

211 18 0
                                    

Unicode

"ယုန်.. ယုန်!!!!! "

"ဟေ့ကောင်... ရင်းမောင်
ရင်းမောင်.. ထစမ်း"

"ဟင်.... ဟင်"

"နေ့ခင်းကြောင်တောင်ကြီး စာအုပ်ကိုရင်ဘတ်ပေါ်တင်ပြီး မင်းဘာတွေယောင်နေသလဲ"

"ဟေ... အေး မိုးအေးတာနဲ့ ငါမှေးခနဲအိပ်ပျော်သွားတာ
ဘယ်အချိန်ရှိပြီလဲ"

"၃ချက်တီး.. "

"အင်း.. ဒါဆို ငါကန်တင်း(န်) သွားပြီး လက်ဖက်ရည်သောက်မလို့ မင့်လိုက်ဦးမလား"

မေးသာမေးရသည်.. တင့်ဆွေက ရင်းမောင်လို လက်ဖက်ရည်ဂျိုးတော့မဟုတ်ချေ..။
၀တ္ထုရေးယောင်ယောင် ကဗျာတွေနဲ့ဆွေးသယောင်ယောင်ကောင်..

"ကဲ.. မလိုက်ရင်နေ ငါသွားပြီ"

ဒီတစ်ခေါက် သွေးတွေအများကြီးစွန်းခဲ့ရတဲ့ ဦးသန့်အရေးအခင်းကြီးအပြီး ကျောင်းပြန်ဖွင့်လို့ ပုဂံကအပြန်မှာ အမေထည့်ပေးလိုက်တဲ့ ထီးကောက်အမဲကြီးကို ယူပီးအဆောင်အောက်ကိုဆင်းလာခဲ့လိုက်သည်။
မိုးကရွာသည်မဆိုသာ ခပ်ဖွဲဖွဲမို့ ထီးကောက်ကြီးကို လက်တစ်ဖက်ကချိတ် တစ်ဖက်က ဆရာကြီးဒဂုန်ရွှေမျှားစာအုပ်ကိုကိုင်ကာ ကန်တင်း(န်) ဆီသို့သာခပ်သုတ်သုတ်လျှောက်လာခဲ့လိုက်သည်။

ရင်းမောင် ဦးချစ်ဆိုင်ရှေ့ရောက်တော့ ဆိုင်အတွင်းမှာ ကျောင်းသားများရှိမနေ...။
မနက်ဖြန်ကစာသင်နှစ်တစ်နှစ်ရဲ့ အစဖြစ်သည်မို့ ယခုမှအဆောင်တွင်နေရာချနေသည်လားမပြောတတ်..
ရင်းမောင်တို့လိုအထုပ်အပိုးမများသူအဖို့ အတွက်တော့လက်ဖက်ရည်ထွက်သောက်ဖို့ပင်
အချိန်ပိုနေပါသေးသည်။

မန္တလေးဆောင်နှင့်တောင်ငူဆောင်ထောင့် ငှက်ပျောတောအုပ်ထဲက ဦးချစ်ဆိုင်သည်
မြကျွန်းညို၏ ရာဇူး ( RASU - Rangoon Arts and Science University) တွင်သာမက တခြားတက္ကသိုလ်များကြားတွင်ရေပန်းစားသည်မို့ ဆေးတက္ကသိုလ် စီးပွား‌ေရးတက္ကသိုလ်ကကောင်တွေရဲ့
ခြေချင်းလိမ်ရာနေရာဆိုရင်လည်းမမှားပေ။

"ဖြောင်း.. ဖြောင်း"

လက်ဖဝါးနှစ်ဖက်ကို ခပ်ကျယ်ကျယ်မြည်အောင်တီးတော့
ပဝါနွမ်းနွမ်ခါးကြားထိုးထားသည့် မောင်သောင်းက ရင်းမောင်ဆီသို့ခပ်သွက်သွက်ကလေးပြေးလာသည်။

"ငြိမ်"Where stories live. Discover now